စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အရပ်သားကျေးရွာတွေကို တိုက်ခိုက်ဖို့ ဒရုန်းနဲ့ လူအင်အားတွေတင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနိုင်ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့၊ မနက်အစောပိုင်းက ကလေးမြို့ကနေ နည်းပညာတက္ကသိုလ် (ကလေး GTC) ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားကြီး ၂စီးကို အဝေးထိန်းမိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကားပေါ်တင်ဆောင်လာတဲ့ ခြောက်လက် ဒရုန်းကြီး ၁ စီးနဲ့ Jummer ၂ ပုံး ထိခိုက် ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ ဇန်နဝါရီလ ၂၃ရက်၊ နေ့လည်မှာလည်း လူအင်အား ၅၀နီးပါး တင်ဆောင်လာတဲ့ စစ်ကား၂စီးကို တော်လှန်ရေးအဖွဲ့တွေက အဝေးထိန်းမိုင်း ၅လုံးနဲ့ ထပ်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် ကားတွေထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

“ကလေး GTC မှာ စခတွေ တပ်စွဲနေတာ ကြာပါပြီ။ အဲ့ထဲကနေ  ဒရုန်းတွေနဲ့ အနီးအနားရွာတွေကို ဗုံးသီးတွေချတယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်ပေါ့။ ထိုမာ၊ သာယာကုန်း၊ ထောက်ကြန့် အဲ့ရွာတွေကိုပါ။ အဲ့ဒါ ပထမနေ့က GTC ထဲကနေ  ဒရုန်းနဲ့ချဖို့ ကလေးမြို့ထဲကနေ ဒရုန်းတွေသယ်လာတာ၊ ကျနော်တို့ မိုင်းဆွဲလိုက်တော့ နောက်နေ့ထပ်ပြီး အင်အားဖြည့်လာတယ်ပေါ့။ မိုင်းခွဲပြီးတော့ သူတို့ဘက်က ပြန်လည်ပစ်ခတ်မှုတွေ ရှိပါတယ်။ ပထမအကြိမ်မှာတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ဒုတိယအကြိမ်မှာတော့ သာစည်ရွာထံကနေ လက်နက်ကြီး ၄ကြိမ် ပစ်တယ်။ ဒုတိယအကြိမ် မိုင်းဆွဲမှုက စကစသေဆုံးမှု များနိုင်ပါတယ်၊ အတိအကျစုံစမ်းနေတုန်းပါ” လို့ ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုတွေကို ဂျိမ်း Mission အဖြစ် ကလေးခရိုင်မိုင်းတပ်ဖွဲ့က ဦးဆောင်ကာ Operation Mo Mo နဲ့ မြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ကလေးနည်းပညာတက္ကသိုလ် GTC ထဲကနေ စစ်အုပ်စုတွေရဲ့ ဒရုန်းနဲ့ ဗုံးချတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် နောက်ဆုံး ၃ လအတွင်းအနီးအနားကျေးရွာတွေက အရပ်သားပြည်သူ ၅ ယောက် သေကာ ၄ ယောက်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

ဝက်လက်မြို့ အနောက်ဘက်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများ ရှိနေ၊ AA မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။