အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အလင်းဝင်သူ ၃ ယောက်နဲ့ ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၁၇)ရက်မှာ အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က  တပ်စိပ်မှူးနဲ့ ဒုတပ်စိတ်မှူး အပါအဝင် တပ်သား(၇)ယောက်က လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း – တိုက်ခိုက်ရေးတပ်ဖွဲ့က ရဲဘော်ဆင်ကြီး ကျဆုံးခဲ့ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သား(၃) ယောက်လည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနဲ့ လယ်ဝေးမြို့နယ်-ပကဖ က ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေကို ဇန်နဝါရီလ (၁၉)ရက်က အာဇာနည်ကုန်းမှာ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုကာ အခမ်းအနားနဲ့ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးသလို လိုအပ်ချက်တွေ ကူညီဆောင်ရွက်ပေးခဲ့တဲ့ EROsခေါင်းဆောင်တွေ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့အသီးသီးက ခေါင်းဆောင်တွေနဲ့ ရဲဘော်ရဲဘက်တွေကိုလည်း မှတ်တမ်းတင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီတပ် အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးအပါ အရပ်သား ၄ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ၊ လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ကျေးရွာ တစ်ရွာအတွင်း အကြောင်းမဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၂ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ်ကနေ ပုလဲမြို့နယ်အတွင်း ခိုလှုံနေတဲ့ အမြဲစစ်ရှောင်တွေကို ပုလဲ ပအဖ သွားရောက်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံနဲ့အတူ သစ်တောတာဝန်ခံ၊ မြို့နယ်ပအဖအဖွဲ့ဝင်တွေ၊ ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ မြို့နယ် ပလဖအဖွဲ့တွေ၊ တိုက်နယ်ပအဖ လူသားစာနာတာဝန်ခံ၊ တိုက်နယ်ပကဖ တာဝန်ခံနဲ့အဖွဲ့ဝင်တွေ၊ ကျောတိုက်နယ် အပဖ၊ ပကဖ တွေက ဂန်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း ၅၆၇၅ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ NUG အစိုးရ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စျေးထွက်ဝယ်ရင်း ပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တပ်စွဲရာနေရာကနေ စျေးထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက်သေဆုံးပြီး သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Yephyu People Defense Force က ထုတ်ပြန်ပါတယ်။