မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။

အာဆီယံရဲ့ ချဉ်းကပ်မှုဟာ သီးခြားစနစ်တစ်ရပ်ကို ကျင့်သုံးဖို့မဟုတ်ဘဲ အားလုံးပါဝင်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရ အကျုံးဝင်မှုရဲ့ အရေးပါမှုကို အာမခံဖို့ဖြစ်ကြောင်း သူကဆိုပါတယ်။

“ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တွေ့ရတဲ့ ပထမဆုံး အပြုသဘောကိစ္စကတော့ ထိတွေ့ဆက်ဆံဖို့ ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်တို့ရဲ့ အေဂျင်စီတွေ၊ အထူးသဖြင့် ထောက်လှမ်းရေးအေဂျင်စီတွေကနေတဆင့် (အဲဒါတွေကို) ကြားဝင်ဖို့ ကျနော်တို့အနေနဲ့ လုပ်ဆောင်တာမဟုတ်ကြောင်း အာမခံခဲ့ပါတယ်။”

“အာဆီယံအတွင်းမှာတောင် အုပ်ချုပ်ရေးပုံစံက နည်းနည်းတော့ ကွဲပြားတယ်။ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ် သို့မဟုတ် လာအို တို့ဆိုရင် မတူကြဘူး။ ဒီမိုကရေစီရဲ့ အကျုံးဝင်မှုကို ကိုယ်စားပြုနေသရွေ့တော့ ကျနော်တို့တွေ ငြင်းဆန်မှာ မဟုတ်ပါဘူး” လို့ အန်ဝါက ပြောပါတယ်။

မကြာသေးမီက သြဇာကြီးတဲ့ ထောက်လှမ်းရေးအာဏာပိုင်တွေနဲ့ တိတ်တဆိတ် ထိတွေ့ဆက်ဆံမှုတွေကလည်း ကတိကဝတ်တွေ အထူးသဖြင့် အကျပ်အတည်းကို ဖြေရှင်းရာမှာ အားလုံးပါဝင်နိုင်စေဖို့ တိုင်းတာချက်တွေ သတ်မှတ်ဖို့ ကတိကဝတ်တွေကို ပြသခဲ့တယ်လို့ သူက ဆိုပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) 2025 ၏ “အာဆီယံ” Planery Session မှာ ဆွေးနွေးပြောကြားနေစဉ် (ဓာတ်ပုံ Bernama)

“အရေးကြီးတဲ့အချက်က ငြိမ်းချမ်းရေး အမှန်တကယ်ရဖို့ဖြစ်တယ်၊ ခွဲခြားဆက်ဆံမှု အလေ့အထတွေ သို့မဟုတ် အကြမ်းဖက်မှုတွေလို့ မှတ်ယူထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်ဖို့၊ လူနည်းစု သို့မဟုတ် ဘယ်အဖွဲ့ကိုမှ အကြမ်းဖက်မှု ကျူးလွန်တာမျိုး လုပ်လို့မရဘူး”

“…. (မြန်မာ့အရေးဖြေရှင်းဖို့) နှောင့်နှေးနေရင် လူတွေအများကြီး ဒုက္ခရောက်လိမ့်မယ်၊ အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်တွေလည်း ပါဝင်ပြီး မလေးရှားမှာတောင် မြန်မာဒုက္ခသည် ၂၀၀,၀၀၀ ရှိနေပြီဖြစ်တယ်။ ဒီလိုဆက်ဖြစ်ခွင့်ပေးဖို့က ရက်စက်လွန်းတယ်” လို့ သူက ပြောပါသေးတယ်။

အုပ်ချုပ်ရေး ပျက်ပြားလာမှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့အတွက် အာဆီယံအနေနဲ့ ရပ်တည်ချက် ခိုင်မာဖို့လိုအပ်ကြောင်း မြန်မာအာဏာပိုင်တွေက သတိပြုမိတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာ့အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖွေဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အာဆီယံက ကတိပြုကြောင်း အန်ဝါက ဆိုပါတယ်။

“ကျနော် သတိထားပြီး အကောင်းမြင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး UN နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် အာဆီယံအနေနဲ့ ဒါကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတွေကို အထူးသဖြင့် ထိုင်းကို မတူကွဲပြားတဲ့အဆင့်တွေမှာ ထိတွေ့ဆက်ဆံဖို့ ခွင့်ပြုဖို့တောင် သဘောတူထားပြီး ညှိနှိုင်းနေပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် အန်ဝါက ထိတွေ့ဆက်ဆံမှုနဲ့ အပြန်အလှန်လေးစားမှုတို့ကတဆင့် အာဆီယံအတွင်း ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကို ထိန်းသိမ်းထားဖို့က အရေးကြီးကြောင်းနဲ့ အစုအဖွဲ့ကို ဘယ်ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့မှ ဆန့်ကျင်တဲ့အခြေအနေမျိုးရောက်အောင် တွန်းအားမပေးသင့်ကြောင်း ဆွေးနွေးပွဲမှာ အလေးပေးပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က တစ်ဦးနဲ့တစ်ဦး အကျိုးရှိမယ့် မူဝါဒကိုသာ ဖော်ဆောင်လေ့ရှိတာကြောင့် အဲဒါကို ဂရုမစိုက်ရင် မြန်မာမှာဖြစ်သလိုပဲ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ရလာမှာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်ရဲ့ အရေးပါမှုကိုလည်း အန်ဝါက အလေးပေးပြောကြားခဲ့ပါတယ်။ သြစတြေးလျနဲ့ အိန္ဒိယတို့လို နိုင်ငံတွေနဲ့ မလေးရှားရဲ့ ထိတွေ့ဆက်ဆံမှုဟာ အာဆီယံရဲ့ စုစည်းမှုကို ထင်ဟပ်စေပြီး ဒေသတွင်းရှုပ်ထွေးတဲ့အခြေအနေတွေအကြား ထိတွေ့ဆက်ဆံမှုတွေနဲ့ လမ်းပြမှုတို့ကို ရနိုင်တယ်လို့ သူကဆိုပါတယ်။

မူရင်းသတင်း – Anwar: Asean cautiously approaches Myanmar crisis, prioritising peace and inclusivity

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အီရန်၏ စစ်တွင်းကာလ စစ်ဦးစီးချုပ် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။