ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ အပါအဝင် ထိုင်းအာဏာပိုင် လက်အောက်ခံ အဖွဲ့ ၁၀ ဖွဲ့နဲ့ လိုက်လံစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ မဲဆောက်မှာ နေထိုင်သူတွေက ပြောပါတယ်။

“ဖမ်းဆီးစစ်ဆေးတာတွေကတော့ မဲဆောက်မှာ မကြာခဏ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အခုလို အင်အားအလုံးအရင်းနဲ့ ရှာဖွေတာတွေတော့ မကြုံဖူးသေးဘူး။ အွန်လိုင်းငွေလိမ်ဂိုဏ်းကိစ္စနဲ့လည်း အနည်းငယ်တော့ ပတ်သက်မယ်ထင်တာပဲ။ အထူးသဖြင့် အထောက်ထားမဲ့ ဝင်လာပြီး နေတဲ့သူတွေကို ဖမ်းဆီးအရေးယူပြီး နေရပ်ပြန်ပို့တဲ့ကိစ္စကတော့ စိုးရိမ်စရာတစ်ခုတော့ ဖြစ်လာတာပေါ့။ အများစုက မြန်မာနိုင်ငံရေး အခြေအနေကြောင့် ရှောင်တိမ်းလာသူတွေ များတယ်လေ။ နေရပ်ပြန်ပို့ခံရမှာကိုတော့ စိုးရိမ်ရတယ်” လို့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ တိမ်းရှောင်လာတဲ့ အမျိုးသားတစ်ယောက်က မောင်းကို ပြောပါတယ်။

မဲဆောက်မြို့နယ်အတွင်း နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ရောက်ရှိနေထိုင်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တာ့ခ်ခရိုင် ထိုင်းရဲမှူးချုပ်က ဇန်နဝါရီ ၂၂ ရက်မှာ ပြောဆိုပြီးတဲ့နောက် နိုင်ငံခြားသားအများစု နေထိုင်ရာ နေရာတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေမှာ အခြေစိုက်ပြီး ထိုင်းနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေကို လူကုန်ကူးမှု၊ ငွေကြေးလိမ်လည်မှုတွေ ရှိနေတာကြောင့် ထိုင်းအစိုးရက ၆လတာ စီမံချက်နဲ့ စစ်ဆေးအရေးယူမှုတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 
Read More

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူးဟု ထင်မြင်ကြောင်း ကုလအကြီးအကဲ ဆို

မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် စစ်အုပ်စု ရွေးကောက်ပွဲရဲ့ မျှတမှုအပေါ် သံသယရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့မှာ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင်များကို ကူညီ အမှုဖွင့် တိုင်ကြားပေးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များ နယ်စပ်မှာ ရွှေ့ပြောင်းချထား

မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။