ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဆွဲအား၊ မျှော်လင့်ခြင်းလမင်း၊ အလွမ်းမိတ်ဆွေ၊ ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ စတဲ့ သီချင်းများစွာနဲ့ ပရိတ်သတ်တွေကြား နာမည်ကြီး ရေပန်းစားခဲ့တဲ့ အဆိုတော်မာရဇ္ဇဟာ ရန်ကုန်မြို့က ဗဟိုစည်ဆေးရုံမှာ ကွယ်လွယ်သွားခဲ့တာ ဖြစ်ပါတယ်။

မာရဇ္ဇ ကွယ်လွန်ခြင်းကို ဂီတနယ်ပယ်နဲ့ အနုပညာရှင် အသိုင်းအဝိုင်းက နှမြောတသ ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာတွေမှာလည်း အသီးသီး ရေးသားဖော်ပြကြပါတယ်။

မာရဇ္ဇဟာ အသက် (၅၈) နှစ်အရွယ်မှာ ကျောက်ကပ်ရောဂါနဲ့ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်​သေးဘဲ အခက်တွေ့နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထား၀ယ်ခရိုင်ထဲက PDF တပ်ဖွဲ့ ၆ဖွဲ့ ပေါင်းစုပြီး ခရိုင်တပ်ပေါင်းစုအဖြစ် စစ်ရေးတွေလှုပ်ရှားမယ်

ထားဝယ်ခရိုင်ရှိ PDFနဲ့ ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။