တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ယနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ဆေးရေးအကြောင်းပြကာ ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒူကရစစ်ကြောင်းထံက သိရပါတယ်။

တိုက်ခိုက်ပြီးနောက် တော်လှန်ရေးရဲ‌ဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေး အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နဲ့ စစ်ကောင်စီမှ စစ်သားများနှဲ့ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးပူးပေါင်းခိုလှုံ့ကြရန်   YePhyu People Defence Force – YPPDF မှ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားခဲ့သော အထိမ်းအမှတ်မိန့်ခွန်း (ရုပ်သံ)

''ရေဘေးဒုက္ခများကို ပြည်သူများဟာ ဆိုးဝါးစွာ ခံစားနေရတာ စိတ်မကောင်းစွာ မြင်တွေ့နေရ တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာ လောဘစိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် တွေကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးဝါးစွာ ရင်ဆိုင်ခံစားနေရတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့နေနေသာသာ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့သာ တာစူနေတွေ့မြင်ရပါတယ်''
Read More

မြေပဒုံနှင့် တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများက အောင်သပြေပန်းနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို Rc plane ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Burmese Peacock Defense Force-BPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်ဆက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကို ဗမာ့ဒေါင်းဒရုန်းတပ်ဖွဲ့မြိုင်နယ်(ပကဖ)၊ မုံရွာခရိုင် အမှတ်(၄)တပ်ရင်းနဲ့ အညာဖိုက်တာ Local PDF မဟာမိတ် အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ဖြူးမြို့နယ် စိုးမိုးနယ်မြေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြထားပါတယ်။