ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

ပုသိမ်မြို့နယ်အတွင်း လုံခြုံရေးတပ်ကြပ်မှုတွေ၊ ကင်းပတ်တာတွေ လုပ်နေပြီး ဧည့်စာရင်းစစ်တာတွေလည်း ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သွေးပျက်နေကြတာ.. ဘယ်လိုလုပ်ပြီး PDF က ဈေးလာဝယ်မှာလဲ ဒါမှမဟုတ် လုပ်ကွက်ပြတာလည်း ဖြစ်မှာပေါ့။ တမင်လုပ်ကြံပြီး ဈေးကို အချိန်ကန့်သတ်တာ” လို့ ပုသိမ်မြို့မဈေးက ဈေးခန်းပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

ပုသိမ်မြို့ဟာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မြို့တစ်မြို့ဖြစ်တာကြောင့် စစ်တပ်အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ခံရမှာ ကြောက်လန့်တကြား ဖြစ်နေတယ်လို့လည်း အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် ထဲက အကြမ်းဖက်စစ်တပ် အရာရှိမိသားစုဝင်တချို့လည်း ပုသိမ်ကနေ ရန်ကုန်၊ နေပြည်တော်တွေဘကိ ပြောင်းရွှေ့တာတွေ ရှိနေပြီး တပ်ပြင်ထွက်ခွင့်တွေကိုပါ ကန့်သတ်ထားကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စေတုတ္ထရာတွင် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်နေသည့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်း လူရှာပေးရင်း ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင်တွေကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလဲမြို့နယ်မှာ “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဥ်ကို တော်လှန်ရဲဘော်များနှင့် ပြည်သူများဆီ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းဖိုရမ်က ဦးစီးထုတ်ဝေတဲ့ “ ဒို့ဖက်ဒရယ်” နိုင်ငံရေး စာစဥ်ကို ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီ ဖြန့်ဝေပေးခဲ့တယ်လို့ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇေယျဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နေရာများအား ဖြူးပကဖ တိုက်ခိုက်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေပြီး စစ်တပ်အိမ်စီးကား ၂ စီးကို ပကဖ သိမ်းဆည်း

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဇေယျဝတီမြို့ပေါ် ဂိတ်စခန်းတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကား၂စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ Phyu Township People's Defense Organization - ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။