စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ် (GTC) သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ် ၂ စီးကို ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက အဝေးထိန်းမိုင်း ၂ လုံးနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုတွေကို ဂျိမ်း Mission အဖြစ် ကလေးခရိုင် မိုင်းတပ်ဖွဲ့က ဦးဆောင်ကာ Operation Mo Mo နဲ့ မြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခြောက်လက် ဒရုန်းအကြီး ၁ စီးနဲ့ ဂျမ်မာ ၂ ခု ထိခိုက်ပျက်စီးကာ စစ်သား ၁ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက် နေ့လည်ပိုင်းကလည်း ကလေးမြို့ GTC တက္ကသိုလ်သို့ ထွက်ခွာလာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်သားတွေ တင်ဆောင်လာတဲ့ စစ်ယာဉ် ၂ စီးကို အဝေးထိန်းမိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီးလုံး ထိခိုက်ပျက်စီးပြီး နေရာမှာ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများမှတစ်ဆင့် သိရပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

မိုင်းလာရှင်းသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်အတွင်း စစ်တပ်ယာဉ်တွေကို တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။
Read More

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကနေ ဂမုန်းရေလှောင်တမံသို့ ထွက်လာတဲ့ အင်အား ၁၂ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းကို အောက် တိုဘာ ၄ ရက် နံနက်ပိုင်းက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။