ဧရာ၀တီတိုင်းထဲက နေရာ ၇ ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့  ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်လိုက်ပါတယ်။

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေဟာ ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီစခန်းတွေအထိပါ ရောက်ရှိလာတာကြောင့် FCDO က ဇန်နဝါရီလ ၂၂ ရက်မှာ အခုလို ထုတ်ပြန်လိုက်တာပါ။

ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနဲ့ ပုသိမ်မြို့နယ်တွေကို အဓိကအနေနဲ့ မသွားရောက်ဖို့ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ပုသိမ်မြို့နယ်အစပ်က ဘောမိကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်ကြတဲ့ ဧရာဝတီတိုင်းထဲက ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ စတဲ့ ကမ်းခြေတွေနဲ့လည်း တိုက်ပွဲတွေက နီးကပ်နေပါပြီ။

တဆက်တည်းမှာပဲ   ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကို ခရီးသွားလာခွင့် မပြုထားဘူးလို့ FCDO က ကနဦး ထုတ်ပြန်ထားပါသေးတယ်။

(ဓာတ်ပုံ FCDO)

တနင်္သာရီတိုင်းက ကျွန်းစုနဲ့ တောင်ဘက်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်း မြောက်ပိုင်းနဲ့ ပြင်ဦးလွင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမနဲ့ ပဲခူးတိုင်း အရှေ့ဘက်တို့ကိုလည်း မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

အာရက္ခတပ်တော် AA ကလည်း ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာ၀တီ၊ ပဲခူးနဲ့ မကွေး မြို့ရွာအချို့နဲ့ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် ထုတ်ပြန်အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း စစ်ရေးအရတင်းမာလာနိုင်တဲ့ ပုသိမ်မြို့နယ်နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ရွှေသောင်ယံ ကမ်းခြေအနီးမှာ ကြည်း၊ ရေ၊ လေ စစ်အင်အားတွေ တိုးချဲ့နေပြီး အကြီးအကျယ် ခံစစ်ပြင်ဆင်လျက်ရှိပါတယ်။

ရွှေသောင်ယံနဲ့ ချောင်းသာကမ်းခြေက ဒေသခံအများစုဟာလည်း စစ်ရှောင်မှုတွေ အမြောက်အမြားပြုလုပ်နေပြီး ဟိုတယ်တွေနဲ့ စီးပွါးရေးလုပ်ငန်းတချို့လည်း ပိတ်သိမ်းနေကြလို့ ခွင့်ပြုချက်မရှိဘဲ ပိတ်သိမ်းရပ်နားရင် အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ဆောင်နေပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲဝင်နိုင်ရန် စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေး 

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအားလုံးကနေ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လူပေါင်းရာနဲ့ချီ သေဆုံးထားသည့် ပဇီကြီးရွာကို စစ်တပ်က ဗုံးထပ်ကြဲလို့ အရပ်သားများ ကြောက်ရွံ့ထိတ်လန့်နေရ

လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တဲ့ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးထပ်ကြဲလို့ စစ်ရှောင်တွေကြား စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြန်လည်ဆိုးရွားလာကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ - ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။