ပြောင်းလဲတိုးတက်နေတဲ့ စစ်ရေးဗျူဟာတွေကို ခေတ်နဲ့အညီ လေ့လာလိုက်စားနေဖို့ လိုအပ်တတယ်လို့  နိုင်ငံတစ်ဝန်းမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

“လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ မူဝါဒအတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေတဲ့ စစ်အတတ်ပညာတွေကို လေ့လာဖို့ လိုအပ်ကြောင်း မင်းအောင်လှိုင်က ဇန်နဝါရီ ၂၂ ရက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပြောကြားလိုက်တာပါ။

“ဒီနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်လို့ နည်းပညာကိုအသုံးပြုပြီး အင်တာနက်စာမျက်နှာတွေနဲ့ စာအုပ်စာပေတွေကနေ မိမိတို့ဘဝတိုးတက်ရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေနဲ့ ဗဟုသုတတွေကို ရှာဖွေလေ့လာဆောင်ရွက်မယ်ဆိုရင် တစ်ဦးချင်းရဲ့ စွမ်းရည်တွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်ကောင်စီ တပ်သားတွေကို  သုတေသနပြု သင်ကြားဖို့၊ ကြံ့ခိုင်ရေးမှာ အရည်အချင်းပြည့်ဝပြီး လက်တွေ့နယ်ပယ်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရေး စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးဖို့နဲ့ စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးဖို့လည်း ဆိုပြန်ပါတယ်။ 

တပ်ရင်းတပ်မတွေမှာတော့ စစ်ကောင်စီတပ်သားတွေဟာ လုပ်ခလစာ အပြည့်အ၀မရရှိခြင်း၊ သေဆုံးဒဏ်ရာရသူတွေရဲ့ ထောက်ပံ့ကြေးတွေကို တပ်ရင်းမှူး၊ ဗျူဟာမှူးတွေကို အကျင့်ပျက်ခြစားကာ ရယူကြခြင်း၊ အသက်အာမခံကြေးတွေကို ဖြတ်တောက်ခြင်း အစရှိတဲ့ ရပိုင်ခွင့်တွေကို ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ စစ်ကောင်စီတပ်သားတွေကို စစ်ရေးမှာ စွမ်းရည်ထက်မြက်နေဖို့ လေ့ကျင်ရေးမှာ ပြည့်၀ပြီး စစ်ဆင်ရေးတွေ အောင်နိုင်ဖို့ မကြာခဏ ပြောကြားလေ့ရှိပေမယ့် မြေပြင်မှာတော့ လက်နက်ချ အညံ့ခံမှုတွေသာ များပြားနေတာဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲတွေရဲ့ စစ်ဆင်ရေးတွေနဲ့ စွမ်းဆောင်ရည်ပိုင်းတွေမှာ စစ်ကောင်စီဟာ ပျက်စီးယိုယွင်းမှုတွေရှိနေပြီး ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကိုယ်ကျိုးရှာ စီးပွါးရေးလုပ်ကာ နောက်ပိုင်းတာဝန်ပေးခံရတဲ့ ဗိုလ်မှူးဗိုလ်ချုပ်အများစုကလည်း စစ်ဆင်ရေးတွေမှာ အတွေ့အကြုံ လုံး၀မရှိတဲ့သူတွေ ဖြစ်တယ်လို့ CDM ပြုလုပ်လာသူ စစ်ကောင်စီအရာရှိတွေ မကြာခဏ ဝေဖန်ပြောဆိုလေ့ရှိပါတယ်။

မင်းအောင်လှိုင်က မကြာခဏဆိုသလို တပ်ရင်း၊ တပ်နယ်တွေအထိ သွားရောက်ပြီး လတ်တလော ရှုံးနိမ့်မှုတွေကို ကုစားဖို့ စိတ်ဓာတ်စစ်ဆင်ရေး စကားတွေ မကြာခဏပြောဆိုလေ့ရှိပြီး တကယ်တမ်းမှာတော့ အသုံးမဝင်တော့ဘူးလို့ သူတို့ကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကြားထဲကနေ မကြာခဏ စစ်ကြောင်းလိုက် တိုက်ခိုက်ခံရခြင်း၊ စခန်းတွေကနေ စွန့်ခွါထွက်ပြေးရခြင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထက် စစ်ဆင်ရေးမဟာဗျူဟာတွေ အလွန်နိမ့်ကျသွားခြင်းကြောင့် ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မြောင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် စက်တပ်လေထီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေကာ ဒရုန်း ၁စီး ပျက်စီး၊ ဂျိုးကန်ရွာကို စစ်ကောင်စီ မွှေနှောက်ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူခေါင်းဆောင် လင်းဦး၏ စခန်းကို ရေးဘီလူး ဝင်တိုက်၊ လင်းဦး ဒုတိယအကြိမ် ဆေးရုံရောက်ကာ လက်အောက်ခံ ပျူ ၄ဦး သေ

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။