အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

သင်တန်းဆင်းပွဲမှာ   ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း အပါအဝင် စစ်သည်တော်ကျင့်ဝတ်များအားလိုက်နာပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်ကာ အမိန့်နာခံမှုအားကောင်းသော ပြည်သူဂုဏ်ယူရမည့် စစ်သည်ကောင်းများအဖြစ် ကြိုးစားကြဖို့ အားပေးစကားတွေလည်း ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

အတုအယောင် ရွေးကောက်ပွဲလွန် ကာလတွေအထိ အတူရပ်တည်ပေးဖို့ နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အဆိုပါအတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ အတုအယောင် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဆက်လက်အသိအမှတ်မပြုဖို့ NUCC က နိုင်ငံတကာကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ နိုင်ငံအများစုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အသိအမှတ်မပြုတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ခဲ့တာပါ။
Read More

ညောင်ဖြူပင်ရဲစခန်းကို တာဝန်အပြောင်းအလဲလုပ်ဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက်သေ၊ ၇ ယောက်ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဗျူပင်ရဲစခန်းကို တာဝန်အပြောင်းအလဲလုပ်ဖို့လာတဲ့အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၄၀ ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ယောက်သေကာ ၇ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာပြင်းထန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်ထား

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း ၂၂၆၇၅ ခု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။