ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်ကာ (၁) ပါးနဲ့ ပြည်သူ (၁) ယောက် ထိခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်မှာ ဇန်နဝါရီလ(၁၈)ရက် မနက်ပိုင်းက ခိုဖလလေးခို တပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်သား (၅) ယောက်ကို ပြန်လည်ပို့ဆောင်နေချိန် တရေခိုကျေးရွာအတွင်း ရောက်ရှိပြီးနောက် ကျေးရွာနေအပြစ်မဲ့အရပ်သားပြည်သူ (၃) ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ အခုအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်မှာလည်း ဇန်နဝါရီ(၁၇)ရက်နေ့ ညနေပိုင်းက ကွမ်းချောင်းဝရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ၁၂၀မမ(၁)လုံးကို ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက် ကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း ဇန်နဝါရီလ (၂၁)ရက်နေ့ ညနေပိုင်းက ရေကြည်ချောင်း ကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုအပြီး ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့ရာ မှော်ဖျားကျေးရွာနဲ့ ကွင်းဒလကြီးကျေးရွာ၊ တောရကျောင်း၊ သစ်ကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ပထမ (၁) ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း မှော်ဖျားကျေးရွာက နေအိမ်ရှေ့ကို ကျရောက်ကာ အိမ်ရှင်ဖြစ်သူ  အသက်(၃၅) နှစ် အရွယ် အမျိုးသား လက်မောင်း ကျည်စ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ ကွင်းဒလကြီးကျေးရွာ တောရကျောင်း၊ သစ်ကျောင်းပေါ် ကျရောက်ခဲ့ပြီး အသက်(၅၀) အရွယ် ဦးဇင်း (၁)ပါး ပျံလွန်တော်မူခဲ့ပြီး အသက်(၄၉)နှစ်အရွယ် ဦးဇင်း (၁) ပါးရဲ့ ဘယ်ဘက်ပေါင် ကျည်စထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပိန်းဇလုပ် တပ် ၂၆၄ ကလည်း လက်နက်ကြီးပစ်ခတ်ခဲ့ရာ ပျဉ်ရေ အနောက်ဘက် ကမ်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံးရဲ့ ခေါင်မိုးသွပ် တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၉ ဦး သေပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
Read More

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုများကြား ကလေးငယ်များကို ကယ်ထုတ်ပေးခဲ့သည့် ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုး လက်နက်ကြီးထိမှန် ကျဆုံးခဲ့

မေလ ၁၅ရက် ညပိုင်းက ချောင်းဦးမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပအဖ သွားရောက်ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေ ထားရှိရာနေရာတွေဆီ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။