ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

ဆိပ်ဖြူမြို့အနီးက ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်း၊ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာ စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာ စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile – SRM (၁၇) လုံး၊ Drop Bomb (၂‌၆) လုံးနဲ့ ၈၁ မမ ၆ လုံးတို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

SRM (၁၇) လုံးနဲ့ ဝါဇီစက်ရုံကို တိုက်ခိုက်ရာမှာ ၁၃ လုံး အောင်မြင်ခဲ့ပြီး စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ တရစပ်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီးတွေ၊ အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု ရှိပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ မကွေးတိုင်း ပကဖ က ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) နဲ့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း၊ တပ်ခွဲ (၁) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စလင်းမြို့အနောက်က စစ်အုပ်စုဂိတ်စခန်းကို အလစ်အငိုက်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး…

မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြား က ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

KTLA တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်မှုကြာင့် KNLA တပ်မဟာ (၄) ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာရဟု KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေအတွင်း ကော်သူးလေစစ်တပ် (KTLA) ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၄ မှ ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (‎KNU) - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့် စစ်တပ်စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲ ၃ကြိမ်ဖြစ်၊ အကြမ်းဖက် စစ်ကော်မရှင်ဘက်က ၂၅ ဦး သေပြီး၊ အယောက် ၃၀ ကျော် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ ရက် ဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၂၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDSOM ဗိုလ်စင်္ကြာစစ်ကြောင်း ရဲဘော် စမာက မောင်းကိုပြောပါတယ်။