မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နေပြည်တော် တောင်ညိုတပ်နယ် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်က ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေ အကြောင်းပြကာ  အကြမ်းဖက် ပေါ်တာဆွဲ စစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီက စစ်မှုထမ်းခွင့်ရတာ ဂုဏ်ယူသင့်တယ်လို့ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၂ သန်းဝန်းကျင်ထဲမှာ လူဦးရေ အနည်းငယ်သာ စစ်သားဖြစ်ခွင့်ရှိပြီး မွန်မြတ်၊ မြင့်မြတ်လှတဲ့ တာဝန်တွေကို ထမ်းဆောင်ရတာကြောင့်  ဂုဏ်ယူတတ်ကြဖို့  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

တပ်မတော်သားတွေဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မှ မပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ဖို့ တပ်မတော်အတွင်း ဝင်ရောက်အမှုထမ်းခဲ့ကြခြင်းဖြစ်တယ်လို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။ 

မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိပေမယ့် စစ်တပ်ရဲ့ စစ်မှုထမ်း လူသစ်စုဆောင်းမှုတွေဟာ နေ့စဉ် အခြေအနေဆိုးရွားနေပြီး စစ်မှုမထမ်းချင်ရင် ငွေကြေးနဲ့ ရွေးချယ်ရတဲ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား အကျင့်ပျက်ခြစားမှုတွေလည်း မြင့်တက်လျက်ရှိနေပါတယ်။

စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်အများစုကလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွါရှောင်တိမ်းမှုတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီလမှာ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီး စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ လူငယ်လူရွယ်တွေဟာ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေနဲ့  ဖမ်းဆီးခံရကာ စစ်ပညာ ရက်တိုသင်တန်းပေးခံရပြီး အများစုဟာ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေကို စေလွှတ်ခံနေရတာကြောင့် မကြာခဏ အသက်ဆုံးရှုံးမှုတွေလည်း ကြုံတွေ့နေရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ ခမရ (၁၅) မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
Read More

ဖာပွန်ဗျူဟာကုန်း အနီးတဝိုက် တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အင်အားကြီး အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ဖာပွန်ဗျူဟာကုန်း အနီးတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တိုက်ပွဲဖော်ဆောင်မှုမှာ ပါဝင်တဲ့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

အထက်ခပေါင်းဆည်ရေလွှဲ တမံစခန်းကို PDF များဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၁ ဦး သေပြီး စခန်းနှင့် လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့ အထက်ခပေါင်းဆည် ရေလွှဲတမံစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ A.D.G Brothers တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။