ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ (၂၂) ရက် မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်က Yak-130 Jet Fighter နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ဒုံမြို့ မီးသတ်ရုံးအနီး ထိမှန်သေဆုံးခဲ့တဲ့ အပြစ်မဲ့ အမျိုးသမီး (၁) ယောက် (ဓာတ်ပုံ KNU)
ယော့ကဒေါ ကျေးရွာစာသင်ကျောင်း (ဓာတ်ပုံ KNU)

အဲ့ဒီလေကြောင်းပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်ဟာ ကျိုက်ဒုံမြို့က မီးသတ်ရုံးအနီး ရော်ဘာခြံမှာ ကျရောက်ပေါက်ကွဲကာ ရော်ဘာခြစ်ပြီး ပြန်လာတဲ့ ကျိုက်ဒုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချောင်းဝပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီး ထိမှန်သေဆုံးခဲ့ပြီး မီးသတ်ရုံးနဲ့ အနီးပတ်ဝန်းကျင်ရှိ လူမနေတော့တဲ့ ပြည်သူပိုင်နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၁ ရက်၊ မနက်အစောပိုင်းကလည်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ နို့တကောမြို့နယ်၊ ယော့ကဒေါ ကျေးရွာကို လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ပြီး အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ယော့ကဒေါ ကျေးရွာ စာသင်ကျောင်း (၁) ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)
ယော့ကဒေါ ကျေးရွာစာသင်ကျောင်း (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ၂ ဦး တော်လှန်ရေးတပ်များနှင့် ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မည် ဟု ဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်း ကြိမ်ခါးကုန်း ကျေးရွာကို စစ်ကြောင်းထိုး သည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန်  မန္တလေး လမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲရာ ဗိုလ်မှူးအဆင့်ရှိသူ (၁)ယောက် အပါအဝင် (၂၀) သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် စစ်မှုထမ်းအင်အား သုံးပြီး မြေပြန်ဒေသတွင် ရွေးကောက်ပွဲအတု နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု မင်္ဂလာပွဲကျင်းပရာ အထိုင်စခန်းကို တော်လှန်ရေးတပ်များ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

"မင်္ဂလာပွဲက သူတို့အတွင်းအဖွဲ့တွေပါပဲ။ စစ်သားရယ်၊ ပျူစောထီးရယ်၊ ရဲတွေရယ်ပဲရှိတာပါ။ ပြည်သူတွေက မသွားပါဘူး။ သူတို့က ဟုတ်တဲ့ကောင်တွေမှ မဟုတ်တာ တော်ကြာနေ ပေါ်တာဆွဲနေရင် အခက်ဖြစ်မှာမလို့ မသွားကြပါဘူး။ ကျနော်တို့လည်း အခြားရွာထဲက ပြည်သူတွေ မထိအောင် အတော်ကြိုးစားပြီး ချိန်တွယ်ပစ်ခတ်ခဲ့ရပါတယ်။ မိုးကလည်း တအားသည်းနေပြီးတော်တော်ကို ကြိုးစားခဲ့ရပါတယ်။" လို့ COBRA ONE Pakokku တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပုလဲ မင်းတိုင်ပင်ရွာ အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၂ ယောက်သေဆုံး

"ပေါင် ၅၀၀ ဗုံးတွေဘာတွေတော့ မဟုတ်ဘူး။ ရော့ကတ်နဲ့ပစ်သွားတာ။ စာသင်ကျောင်းဆောင်တွေလည်း နှစ်ခြမ်းပြိုကုန်တယ်။ သစ်ပင်တွေဆို ထက်ပိုင်းပြတ်တယ်။ အိမ်တွေရောပဲ။ သေတာက ရော့ကတ်ထိပြီးချက်ချင်းသေတာ၁ယောက်၊ သွေးလန့်ပြီးသေတာ ၁ယောက်ပါ" လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

အင်းတော်နယ် လေဘိုရွာကို စစ်တပ်ကလေကြောင်းဗုံးကြဲရာ လသားအရွယ်နှင့်မိသားစုဝင် ၇ ဦးအပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲဘအတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Indaw Revolution - IR ဆီက သိရပါတယ်။