ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ယောက်ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC ) ကနေ စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်း Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက် ဒီနေ့မှာ တောင်းဆိုထုတ်ပြန်လိုက်ပါတယ်။

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းမှာ တပ်မှူးတစ်ယောက်က သတ်ပစ်ဖို့ အမိန့်ပေးတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ယောက်ကို အာရက္ခတပ်‌တော် (AA) ယူနီဖောင်းဝတ်ဆင်ထားသူ တချို့က ညှင်းပန်းနှိပ်စက်ပြီး လည်ပင်းကို လှီးဖြတ်ခဲ့တာတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ရရှိထားတဲ့ ဗီဒီယို မှတ်တမ်းနှစ်ခုကို စိစစ်လေ့လာရာမှာ စစ်မှန်မှုရှိနေကြောင်း ယုံကြည်တယ်လို့လည်း Fortify Rights အဖွဲ့က ဆိုပါတယ်။

၂ မိနစ် ၅၂ စက္ကန့်ကြာတဲ့ ပထမ ဗီဒီယိုဖိုင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ လူမှုကွန်ရက်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာတော့ Fortify Rights ဆီကို ၃ မိနစ်နဲ့ စက္ကန့် ၂၀ ကြာချိန်ရှိတဲ့ ဒုတိယဗီဒီယိုဖိုင်တစ်ခု ပေးပို့လာတယ်လို့ ဆိုပါတယ်။

ဒုတိယ ဗီဒီယိုဖိုင်ဟာ သူတို့ဆီပေးပို့လာတယ်လို့ ဖော်ပြထားပေမယ့် ဘယ်သူဘယ်ဝါက ပေးပို့လာတယ်ဆိုတာကိုတော့ Fortify Rights က ‌ဖော်ပြထားခြင်း မရှိပါဘူး။

Fortify Rights က ရရှိတဲ့ ဗီဒီယိုမှတ်တမ်းရှည်ထဲမှာ AA ယူနီဖောင်းဝတ်ဆင်ထားသူတွေက ညှင်းပန်းနှိပ်စက်ခံရသူ ၂ ယောက်ရဲ့ မျက်နှာ၊ ကျောကုန်းနဲ့ ဦးခေါင်းနေရာတွေကို ၁၂ ချက်ထက်မနည်းကန်ကျောက်ခဲ့သလို မြေကျင်းရှေ့မှာ ဒူးထောက်ထိုင်ခိုင်းထားတယ်လို့ ဆိုပြီး ဗီဒီယိုပါ အချက်အလက်အရ နှိပ်စက်ခံရသူ ၂ ယောက်ဟာ အသက်ရှင်နိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ AA ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို Fortify Rights က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ တရားမျှတမှု ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ AA နဲ့ မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်းအင်အားစုအားလုံးကို Fortify Rights က တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အညာဒေသမှာ တိုးချဲ့အခြေချပြီး စစ်ရေးလှုပ်ရှားမှုတွေ စတင်ဖို့ BPLA တပ်သားသစ်တွေ စတင်ခေါ်ယူ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အနေနဲ့ အညာဒေသမှာ အခြေချတော့မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ အညာတိုက်ပွဲတွေ တိုးချဲ့ဖော်ဆောင်ဖို့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

လူ့အခွင့်အရေးနေ့တွင် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဥ်းများကို လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ဒီက‌နေ့တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာတော့ လူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်က နေ့စဉ် ချိုးဖျက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
Read More

သေနတ်ယူဆောင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးအား ဆုကြေးငွေပေးပြီး လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ဟု လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။