ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ယောက်သေဆုံးပြီး ၂ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁နာရီအချိန် စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ချောင်းမကြီး တံတားအနီးမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ ၂ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီးနောက်  တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

“ဒဏ်ရာရ ၂ဦးက သေနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ နောက်ဆက်တွဲ ကျနော်တို့ ဆက်စုံစမ်းတော့ ဘယ်ဆေးရုံ၊ ဆေးခန်းကိုမှ လူနာရောက်လာတာမျိုးမရှိဘူး၊ လမ်းမှာပဲ သေသွားတဲ့ သဘောရှိပါတယ်” လို့ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) ၏ ထုတ်ပြန်ချက်

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက မောင်းကို ပြောပါတယ်။ 

“စစ်ကြောင်းက စလာကတည်းက လမ်းမှာ ဖောကားမောင်းတဲ့ ကားသမား ၁ဦးရယ်၊ တောထဲက ဝါးခုတ်ပြီးပြန်လာတဲ့ ဒေသခံ ၅ဦးရယ်ကို ဖမ်းပြီး ရှေ့ဆုံးကနေ လူသားဒိုင်းလို ကာပြီးသွားတာ၊ မိုင်းဆွဲခံရတော့ သူတို့ဘက်ကထိသွားတော့ စက်သေနတ်တွေနဲ့ အနောက်ကနေ ရမ်းပစ်တာမှာ ကားသမားနဲ့ နောက်တစ်ဦးက အခု ဒဏ်ရာရသွားတယ်” လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်သွားတဲ့သူဟာ တောင်လိမ်ကျေးရွာက ကိုငဇော်ဆိုသူဖြစ်ပြီး ကားသမားရဲ့ နာမည်ကိုတော့ မသိရှိသေးပါဘူး။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေက နောက်ကြောင်းပြန်ဆုတ်ရာမှာ ကျွန်းကုန်းကျေးရွာမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ကိုအကျဲဆိုသူရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကော်သူးလေခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နှစ်ဝက်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေဟု ဆို

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
Read More

မူဆယ်-မန္တလေး မီးရထားလမ်းတစ်လျှောက်က မြို့တွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ လအတွင်း အရပ်သား ၆၈ ယောက် သေဆုံး

တရုတ်စီမံကိန်း ဖြစ်တဲ့ မူဆယ်- မန္တလေးမီးရထားလမ်းတစ်လျှောက်က ရှမ်းမြောက်မြို့ ၉ခုအပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လအတွင်း အရပ်သား၂၀၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဆီက သိရပါတယ်။
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

NMSP-AD ရဲ့ ၂ရက်တာ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိတွေအပါ ၈ယောက် သေ

မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။