ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

ဆိပ်ဖြူမြို့အနီးက ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်း၊ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာ စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာ စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile – SRM (၁၇) လုံး၊ Drop Bomb (၂‌၆) လုံးနဲ့ ၈၁ မမ ၆ လုံးတို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

SRM (၁၇) လုံးနဲ့ ဝါဇီစက်ရုံကို တိုက်ခိုက်ရာမှာ ၁၃ လုံး အောင်မြင်ခဲ့ပြီး စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ တရစပ်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီးတွေ၊ အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု ရှိပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ မကွေးတိုင်း ပကဖ က ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) နဲ့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း၊ တပ်ခွဲ (၁) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြို့နယ် ၄၆ မြို့နယ်မှာ NUG က ကျပ်သန်း ၅၂၇၅ သန်းကျော် ထောက်ပံ့လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြို့နယ် ၄၆ မြို့နယ်မှာ အိမ်ထောင်စု ၁၆၉၂၇ စု အတွက် ကျပ်သန်း ၅၂၇၅ သန်းကျော် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တောင်တန်းဒေသထိုးစစ်တွေကို  ​မြေပြန့်ဆီ စစ်ရေးအတွေ့အကြုံတွေနဲ့အတူ ဝတ်မှုံကူးသယ်​​ဆောင်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ပြော

၂၀၂၅ ခုနှစ်အတွင်း တောင်တန်းဒေသထိုးစစ်တွေကနေ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ၄နှစ်တာစစ်ရေးအတွေ့အကြုံတွေနဲ့ ဝတ်မှုံကူးသယ်ဆောင်လာဖို့ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဆိုထားပါတယ်။
Read More

KK Park တွင် KNU ပါဝင်ပတ်သက်နေသည်ဟု စစ်တပ်၏ စွပ်စွဲချက် KNU ပြတ်ပြတ်သားသား ငြင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU ပါဝင်ပတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ ၁၂ က စစ်သားတစ်ယောက် PDF ထံ လက်နက်နဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းဆီကို အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခမရ ၁၂ က တပ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။