စစ်ကိုင်းတိုင်း မုံရွာမြို့နယ်  မုံရွာ-မန္တလေး လမ်းပိုင်းမှာ  ဇန်နဝါရီ ၂၂ ရက်က Acid Tanker Trucks ယာဉ်များ၊ Jumper ယာဉ် ၈ စီးအပါအဝင် အရာရှိတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မှန်လုံယာဉ် ၃ စီးတို့အား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group တပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း  Acid Tanker Trucks ယာဉ်များ၊ မှန်လုံယာဉ်များ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ယာဉ်တန်းအား လုံခြုံရေးယူထားတဲ့Jumper ယာဉ်ပေါ်ကနေ ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြ တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Brave Heart Army-BHA ရဲဘော်များမှ ဦးဆောင်ပြီး Chindwin Fighter Group-CFG ရဲဘော်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အား ၇၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးနီးပါး အပြုတ်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် သံဇလုံဂိတ်တိုက်ပွဲတွင် ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံးခဲ့ရ တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ကျင်းပ (ရုပ်/သံ)

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ပုံရိပ်တွေကို Karenni of Wolf Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲမှ Light Truck ယာဉ် ၂ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်၊ စစ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲကနေ Light Truck ယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန် ထားပါတယ်။
Read More

မင်းကွန်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၁လကြာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား အများအပြား သေပြီး တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ ရတနာပုံတပ်ဦးက သတင်းထုတ်ပြန်ထားပါ တယ်။