မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ  No More Dictatorship People Defence Force_NMD၊ Shadow (Mandalay)၊ Eagle Brigade (ANyar Eagles) အဖွဲ့အပါအဝင် ဒေသခံ တော်လှန်ရေးအင်အားစုတွေက ကပစ အမှတ်-၂၁ စက်ရုံကို ရှော့တိုက်ဒုံး ၈လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၇လုံး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ယမ်းချက်ဂိုဒေါင် မီးလောင်ပျက်စီးပြီး စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်သား ၇ယောက် သေဆုံးခဲ့သလို ၈ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါဝင်ခဲ့တဲ့အဖွဲ့တွေက နောက်ဆက်တွဲအခြေအနေတွေကို ကနဦး သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင်  ကပစ အမှတ်-၂၁ စက်ရုံအတွင်းက စက်ရုံအမှတ် -၁၀၆၊ စက်ရုံအမှတ် -၁၀၉၊ စက်ရုံအမှတ် -၂၀၁ တို့ကို ထိမှန်ခဲ့ပြီး ထုတ်လုပ်ပြီးသား ဗုံးသီးတွေကို ယာယီသိုလှောင်တဲ့ Technical Store ၁ခုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကပစစက်ရုံဝန်းအတွင်း ထိခိုက်ပျက်စီးမှုတွေကြောင့် စစ်အုပ်စုတွေ ပစ္စည်းရွှေ့ပြောင်းနေကြောင်း No More Dictatorship People Defense Force NMD အဖွဲ့က ထုတ်ပြန်ပါတယ်။

“အခုဟာက ​မြေပြင်သတင်းထောက်တွေကနေ ရထားတဲ့ ထပ်မံအတည်ပြုထားတဲ့ စာရင်းပါ။ထပ်တိုးသေဆုံးနိုင်ခြေတွေလည်း ရှိပါတယ်” လို့ No More Dictatorship People Defense Force NMD အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ်

ကပစ အမှတ် ၂၁ စက်ရုံဟာ စစ်ကောင်စီ နိုင်ငံအနှံ့ဗုံးကြဲနိုင်ဖို့ တိုက်လေယာဉ်သုံး ဗုံးသီး ပေါင် ၂၅၀၊ ပေါင် ၅၀၀နဲ့ Cluster ဗုံးသီးတွေ အဓိကထုတ်လုပ်နေတဲ့အတွက် BWM နဲ့ မဟာမိတ်အဖွဲ့ တွေ ပူးပေါင်းပြီး အရေးကြီးတဲ့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေဟာ မြို့နယ်တစ်ခုလိုတည်ရှိပြီး စက်ရုံဝန်းအတွင်းမှာ ရဲဘော်ရွာ၊ ရဲဘော်ဟောင်းရွာ စသဖြင့် သတ်မှတ်နေရာတွေရှိတယ်လို့သိရပါတယ်။ ဧကပေါင်း တစ်သောင်းကနေ ငါးသောင်းလောက်အထိ ကျယ်ဝန်းတဲ့ စက်ရုံတွေဖြစ်တာကြောင့် စီးနင်းတိုက်ခိုက်တာထက် အခုလို စက်ရုံဝန်းအတွင်းက စက်ပစ္စည်းတစ်ခုလေးကို ပျက်စီးအောင် လုပ်လိုက်နိုင်တာနဲ့တင် တော်လှန်ရေးအတွက် အကျိုးအမြတ် အများကြီးရတယ်လို့  CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

“ကပစ စက်ရုံတွေက တစ်ခုနဲ့ တစ်ခုကို link ချိတ်ထားတာ… စက်ရုံတစ်ခုက ပစ္စည်းတစ်ခု ရပ်လိုက်တာနဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ဟာတွေက အသင့်မဖြစ်တော့ပါဘူး၊ အကြမ်းဖျင်းပြောရမယ်ဆိုရင် ကျည်ဆံထုတ်တာက စက်ရုံတစ်ရုံ… အမြောက်ထုတ်တာက တစ်ရုံ၊ အဲ့တော့ အမြောက်တွေ ဘယ်လောက်ပဲ ထုတ်နေ ထုတ်နေ ကျည်ဆံရှိမှပေါ့နော်၊ ကပစ စက်ရုံတွေရဲ့ အဓိက ယမ်းရယ်၊ သံရယ်… ဒါတွေရဖို့ကလည်း လျှပ်စစ်နဲ့ ရေက အဓိကလိုတာပေါ့နော်…အဲ့တာတွေကို ဖြတ်တောက်နိုင်ရင်ကိုပဲ ကျနော်တို့အတွက်က သူတို့ process တစ်ခုလုံးရပ်သွားအောင် လုပ်လို့ရတယ်ဗျ၊ အခုလို ကပစ စက်ရုံတွေကို စတိုက်တာက အောင်မြင်မှုရဲ့ နိဒါန်းအစလို့ပဲ ပြောရမှာပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

မော်လိုက်-ကလေးထောင်တွင် အရေးပေါ်ဆေးကုခွင့်ရဖို့ အာဏာပိုင်များကို လာဘ်ထိုးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီ Airbus အနေနဲ့ စစ်အုပ်စုကို လေယာဉ်တွေ ရောင်းချပေးနေတဲ့ AVIC ကို ဖိအားပေးဖို့ Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ပေးနေတဲ့ Aviation Industry Corporation of China (AVIC) ကို ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus အနေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန်ဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်များ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်ကာ စစ်တပ်အခြေစိုက်စခန်းများကို မီးရှို့ရှင်းလင်း 

တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။