စစ်ကိုင်းမြို့တပ်မ ၃၃ ကနေ မုံရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို  ရှေ့ထွက်တစ်ဖက်ဖွင့် မိုင်းပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Area 71 PDF Monywa က အသိပေးထုတ်ပြန်ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းလောက်မှာ စစ်ကောင်စီကားတန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနေဆဲဖြစ်ပြီး တိုက်ခိုက်မှုကို မုံရွာ ပကဖ နဲ့အတူ Area 71 PDF Monywa တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။

ရုပ်သံ – Area 71 PDF Monywa

 

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့ရှောင်လမ်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီးမှာ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ကို ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်မှာ PDF ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေသွားခဲ့တယ်လို့ Shwe Nyar Myae People Defense Force ထံက သိရပါတယ်။
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။
Read More

အရာတော် ငွေတွင်းကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ခြုံခိုတိုက်ခိုက်မှု ၅ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာကထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီ တပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တော်လှန်ရေးတပ်‌ပေါင်းစုတွေ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ ထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအ ပြားသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားများစွာ အလံဖြူထောင် အညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက အာရက္ခတပ်တော် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာပေါင်းများစွာ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက် သေဆုံးခဲ့ (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့  စစ်ကောင်စီတပ်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။