စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က ရုပ်သံနဲ့တကွ မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်နဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၇ နာရီ ၁၀ မိနစ်ခန့်မှာ ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ ခန့်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ – ချင်းတွင်းဒိုင်းနမိုက်

0 Shares:
You May Also Like
Read More

မြင်းခြံ ဆုံပျူစခန်းက ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံပျူစခန်းကနေ ခြောက်ဘီးယာဉ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TGYR-YouthGuerrillaCounterRevolution-NZ(LPDF) အဖွဲ့ထံက သိရပါတယ်။
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ တပ်စွဲထားနေရာကို ၂ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြောင်မြို့ရဲစခန်းနဲ့ မြောင်မြို့ဆေးရုံတွေကို လက်နက်ကြီးနဲ့ ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forcesမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က မြောင်မြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ၁ လုံး ပျက်စီးခဲ့ပြီး စစ်ဗိုလ်အပါအဝင် ၃ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဟောင်ကောင်တွင် အထပ်မြင့်အဆောက်အအုံများ မီး‌လောင်မှုကြောင့် လူပေါင်း ၉၄ ဦး သေဆုံး (ရုပ်/သံ)

ဟောင်ကောင်မြို့မှာ Wang Fuk Court အထပ်မြင့်အဆောက်အအုံတွေ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ၉၄ ယောက်သေဆုံးကာ ၇၆ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်ကိုင်းဗဟိုပြုလှုပ်ခဲ့သည့် ငလျင်ကို မန္တလေးငလျင်ကြီးဟု စစ်ကောင်စီ အမည်ပေး (ရုပ်/သံ)

၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးလို့ အမည်သတ်မှတ်ပြီး သတင်းရေးသားရာမှာ သုံးစွဲကြဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာပို့ပြီးအပြန် ကြားဖြတ်တိုက်ခိုက်ရတဲ့ စစ်ကောင်စီစစ်ကြောင်း ကျေးရွာတွေကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစခန်းကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများပြီး အထိနာခဲ့တဲ့အတွက် ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ ကျောင်းကုန်းကျေးရွာနဲ့ သံပုရာခြံကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဗိုလ်တထောင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကွန်တိန်နာယာဉ်နှင့် စျေးဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။