တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ရေကြောင်းကနေ ဒရုန်းနဲ့ လက်နက်ခဲယမ်းသယ်ယူရင်း အခြေစိုက်စခန်းဆီပို့ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းက ရေဖြူမြို့နယ်၊ နဘုလယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ပြင်စစ်သင်္ဘောပေါ်ကနေ အခြေစိုက်စစ်ခန်းဆီ ရေကြောင်းနဲ့သယ်ဆောင်လာတဲ့ Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းပစ္စည်းတွေကို အကြမ်းဖက်စစ်သားတွေ ကားပေါ်တင်ဖို့ ကြိုးစားနေချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဗထူးတပ်မတော် (BHA) တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အမြား မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

“ကျနော်တို့ သိရသလောက်တော့ စစ်ကောင်စီက ဒီ နဘုလယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်ပြီးအကောင်အထည်ဖော်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေးပုံစံ လုပ်ဆောင်လာတယ်လို့ ထင်တယ်ဗျ။ သူတို့သယ်လာတဲ့ လက်နက်ခဲယမ်းတွေထဲ ဒရုန်းရော တခြားလက်နက်ကြီးငယ်တွေပါ ပါတာဆိုတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ မြေပြင်ရော လေကြောင်းပါ အသုံးပြုပြီး ရှင်းလင်းဖို့ အတွက် ရည်ရွယ်ချက်ရှိမယ်ထင်တယ်။” လို့  ဗထူးတပ်မတော် (BHA) တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မတော် (BHA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဗျစ်နီ၊ နုဘုလယ်၊ ထိန်ကြီးရွာတွေဆီ အင်အား၅၀ ဝန်းကျင်စီနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ရွာခံတချို့ တိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

“စခ ထိခိုက်မှုကတော့ သေချာမသိရဘူး။ လက်ရှိကတော့ သူတို့ အခြေစိုက်စခန်းနဲ့ အနီးတဝိုက် ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်နေတယ်။ ရေဖြူမြို့နယ်ထဲက စီမံကိန်းနယ်မြေတွေပေါ့။ လက်ရှိအခြေအနေအရ ရွာသားတွေ ဖမ်းဆီးခံထားရတာမျိုးရှိတယ်။ တချို့လည်းရှောင်နေရတယ်” လို့ ဗထူးတပ်မတော် (BHA) တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငလျင် အကူအညီများ NUG ၊ ERO နှင့် ဒေသခံအဖွဲ့တွေဆီ တိုက်ရိုက်ပေးအပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်မထုတ်နိုင်အောင် သေချာစွာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

လယ်ဒိုမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၂ ထိန်းချုပ်ရာ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် ၊ လယ်ဒို မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။
Read More

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်ချိန် အမှားအယွင်း ဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး

"စလင်းမြို့နယ်အတွင်း ခဏခဏထိုးနေတဲ့ စစ်ကြောင်းကိုကာဖို့ အတွက် မိုင်း error တက်ပြီး ကျဆုံးသွားတယ်‌ဗျ၊ ရဲဘော် အောင်ဝမ်းတူးက ပွိုင့်တာဝန်ခံရာထူးကို ယူထားပြီး၊ သူ့ဘက် ပွိုင့်အတွက်ဆို ကျနော်တို့အနေနဲ့ လှည့်ကြည့်ဖို့ မလိုအောင်ကို အားကိုးရတယ်ဗျ၊ သူ့ကြောင့်ဘယ်‌တုန်းကမှလဲ စိတ်ညစ်၊စိတ်ရှုပ်ရတာမျိူးလဲမရှိခဲ့ဘူး‌" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။