တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်သင်္ဘောနဲ့ နဘုလယ်ရေနက်ဆိပ်ကမ်းရှိ စစ်အခြေစိုက်စခန်းဆီ Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အများသယ်ဆောင်ဖို့ စောင့်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၂၁ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗထူးတပ်မတော် (BHA)ထံက သိရပါတယ်။

နဘုလယ်ရေနက်ဆိပ်ကမ်းမှာ ပစ္စည်းတွေစုပုံထားပြီး သယ်ယူဖို့ ကားစောင့်နေချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အမြား မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မတော် (BHA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမ ခါချဉ်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်းသေ (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက ခါချဉ်တောင်ပေါ်ကို အင်အား ၁၀၀ ကျော်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ထက်မနည်းသေခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅မှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

မော်ချီးဒေသကို စစ်တပ်လေကြောင်း ဗုံးကြဲမှုကြောင့် ၈ လအရွယ် ကလေးငယ်အပါ အရပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က ဧပြီ ၂၄ ရက် မနေ့က နေ့ လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်ထောင်စုအဆင့်နဲ့ အင်အား ၄၀၀၀ ခန့်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က အစွမ်းကုန်ကာကွယ်လျက်ရှိတယ်လို့ မတ္တရာမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Myingyan District Battalion - 2 က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ကျဆုံးရဲဘော်များ၏ မိသားစုတစ်စုလျှင် ကျပ် ၁၄၅ သိန်းထောက်ပံ့ပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွှတ် (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေထံ သွားရောက်ကာ မိသားစုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၄၅ သိန်းပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။