ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ဟောင်ရွာနေ ဒေသခံ ၃ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရရှိကာ ဒဏ်ရာရသူတွေ ဆေးကုသမှုအတွက် အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

“သူတို့က အိမ်တစ်အိမ်ထဲမှာစုပြီး နေကြတာ၊ လေယာဉ်သံကြားတော့ ထွက်ပြေးလိုက်တာနဲ့ လေယာဉ်ကလည်း သူတို့အိမ်ရှေ့မှာပဲ ပစ်ချလိုက်တာ နှစ်ယောက်ကတော့ တောင်ကြီးဆေးရုံးမှာ အခုထိ ဆေးကုနေရတယ်၊ ကျန်တဲ့သူတွေက ဒဏ်ရာမပြင်းလို့ ရွာမှာပဲ ဆေးကုတာ၊ အဲ့ထဲက တစ်ယောက်တော့ ပိုက်ဆံမတတ်နိုင်လို့ ရွာမှာပဲ ကုလိုက်တာ၊ တစ်နှစ်အရွယ် ကလေး ၁ ယောက်ကတော့ ဒဏ်ရာသက်သာသွားပြီ”လို့ ဒေသခံအမျိုးသား တစ်ယောက်က ပြောပြခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုပါတယ်။

အဆိုပါ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိတဲ့ ဒေသခံတွေကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA က ကျေးရွာမှာပဲ ဆေးကုသပေးပြီး ဒဏ်ရာ ပြင်းထန်တဲ့ အသက်(၃၀)နှစ်အရွယ် အမျိုးသမီး (လက်ဖြန်၊ ပုခုံး၊ နှလုံး ဒဏ်ရာရရှိ) နဲ့ အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ် (ဘယ်ဘက်ခြေထောက်ကို ဒူးအောက်ပိုင်းက ဖြတ်ထုတ်ရ) တို့နှစ်ယောက်ဟာ ဆေးရုံကြီးမှာ ဒီနေ့အထိ ဆေးကူသမှုခံယူနေရာ အကူအညီ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

“ရွာမှာက ၇ယောက် ကျန်ခဲ့တယ်၊ ၆ယောက်တော့ ဒဏ်ရာရတာ သိပ်မများဘူး၊ အင်းတောမှာ  ၁ယောက်၊ တောင်ကြီးမှာ ၂ယောက် ဆေးကုနေကြတယ်၊ နောက်ထပ် ၂၁ ရက်နေ့မှာ စစ်ကောင်စီက ကျောက်ဂူရွာသား ၁ ယောက် ပစ်သတ်လိုက်သေးတယ်”လို့ အဆိုပါ ဒေသခံအမျိုးသားက ထပ်မံပြောဆိုထားပါတယ်။

ဒါ့အပြင် ငွေကြေးအခက်အခဲကြောင့် ဒဏ်ရာပြင်းထန်တဲ့ အမျိုးသား ၁ ယောက်က ဆေးရုံကို သွားရောက်မကုသနိုင်တာကြောင့် ကျေးရွာမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုနေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်တွင် တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်တပ်စစ်ကြောင်း ရွာ ၇ ရွာမှ နေအိမ်အလုံး ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်အုပ်စုက ကျေးရွာ ၇ ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လှိုင်သာယာရပ်ကွက်ရုံး ဗုံးခွဲခံရမှုအတွင်း လုံခြုံရေးယူထားသည့် စစ်သားနှင့် ပျူစောထီးများ မီးလောင်ဒဏ်ရာရ၊ လူငယ် ၂ ဦးဖမ်းဆီးခံထားရပြီး စစ်တပ်က သတင်းဖုံးဖို့ကြိုးစားနေ…

" အထဲမှာအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေပြီး အပြင်ဘက်မှာတော့ စစ်ခ နဲ့ ရခ ၄ ကောင်ပဲရှိတယ်။ လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးနဲ့ ဗုံးသီးအစစ် ၂ လုံးဆိုတော့ ပြင်းအားကတော့ မြင့်ပါတယ်။ စစ်သားနဲ့ပျူစောထီးတွေ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြတယ်လို့တော့ ပြောတယ်။ သေမသေကတော့ အတည်မပြုနိုင်သေးပါဘူး။ " လို့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး အရာရှိ ၁ဦးသေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ People’s Defence Force – Yenangyaung (YNG-PDF) က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ ဒေါ်သက်သက်ခိုင်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ကို စစ်ကောင်စီက ရာထူးမှရပ်ဆိုင်း

မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ အားပေးခဲ့တဲ့ ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ဦးကို စစ်ကောင်စီက တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။