ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 

စစ်ကောင်စီဘက်ကရော MNDAA ဘက်ကပါ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးသလို သဘောတူညီချက်စာချုပ်မှာ ဘယ်လိုအချက်တွေ ပါဝင်နေတယ်ဆိုတာကို ဘယ်သူမှ မသိရှိရသေးပါဘူး။ 

နိုင်ငံရေးလေ့လားသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုလို MNDAA နဲ့ စစ်တပ် စစ်ပြေငြိမ်းဖို့ သဘောတူလိုက်တယ်ဆိုတာက အမှန်တကယ်ဖြစ်နိုင်ပြီး တော်လှန်ရေးမှာ  MNDAA ရဲ့ အခန်းကဏ္ဍဟာ တစ်ခန်းရပ်သွားပြီလို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။ 

“အဘက်ဘက်က သတင်းတွေကို ကြည့်ရှုလိုက်ရင် သဘောတူလိုက်တာဟာ မှန်ကန်ပုံရပါတယ်၊ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေ မထုတ်ပြန်တဲ့အတွက် တရားဝင်သတင်း မထုတ်ပြန်သေးမချင်းတော့ မှန်သလား…. မှားသလား လားရှိုးကနေ ကိုးကန့်တပ်တွေ ဆုတ်မဆုတ်ဆိုတာကို ပြောဖို့ခက်ပါတယ်” လို့ ဦးသန်းစိုးနိုင်က မောင်းကို ပြောပါတယ်။ 

လူမှုကွန်ရက်ပေါ်မှာတော့ စစ်တပ်ထောက်ခံသူတွေက MNDAA ဟာ ၃လအတွင်း လားရှိုးကနေ သူတို့တပ်တွေကို ဖယ်ပေးရမယ်ဆိုလို့ သဘောဆောင်တဲ့ မှတ်ချက်တွေကို ရေးသားပြောဆိုနေကြတာပါ။ 

နိုင်ငံရေးလေ့လားသုံးသပ်သူ ဦးသန်းစိုးနိုင်

သိသာထင်ရှားတဲ့ အချက်တစ်ချက်ကတော့ သဘောတူညီမှု ရယူပြီးသွားပြီလို့ တရုတ်ဘက်ကနေ ထုတ်ပြောလိုက်ချိန်မှာပဲ တရုတ်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ 

မြန်မာ – တရုတ်နယ်စပ်ဖြစ်တဲ့ ချင်းရွှေဟော်မြို့က ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်နဲ့ လောက်ကိုင်က ရန်လုံကျိုင်း နယ်စပ်ဂိတ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းစတင်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကတည်းက ကုန်သွယ်ရေး ရပ်ခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပါ။ 

ဦးသန်းစိုးနိုင်က “၁၀၂၇ ပေါ်လာတဲ့အချိန်မှာ တရုတ်ကလည်း ကျားဖြန့်နှိမ်နင်းရေးအတွက် ဒီအင်အားစုကြီးကို ကြိုးဖြေလွှတ်ပေးလိုက်တဲ့ သဘောပါ…ဒါပေမယ့် ညီနှောင် သုံးဖော်ရဲ့ တိုက်ပွဲအရှိန်အဟုန်က မြင့်မားပြီးတော့ အချိန်တိုအတွင်းမှာ ရမခတပ်ကြီးရှုံးသွားတဲ့ အဆင့်ထိ ရောက်သွားတာပေါ့ဗျာ၊ တရုတ်ကလည်း အဲ့လောက်ထိ ဖြစ်မယ်တော့ မထင်ဘူးပေါ့၊ ကိုးကန့်ဒေသဆိုတာဟာ မြန်မာပြည်ရဲ့ အရှေ့ဖျားက နယ်လေးပေါ့.. ဒါပေမယ့် ၁၀၂၇ ကနေ လားရှိုးထိ ကျယ်ပြန့်သွားတယ်၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးကို သိမ်းပိုက်တဲ့အထိ ရောက်သွားတယ်၊ လားရှိုးသိမ်းတာနဲ့ ပတ်သက်ပြီးတော့ တရုတ်က အသိအမှတ်မပြုပါဘူး၊ အဲ့ဒေသအခြေအနေတွေကို နားလည်တဲ့ သဘောပေါက်တဲ့ သူတွေရဲ့ ပြောဆိုချက်အရဆိုရင်တော့ ကိုးကန့်ရဲ့ လူမှုရေးလှုပ်ရှားမှု၊ စီးပွားဆက်ဆံမှုတွေက တရုတ်နဲ့ နီးကပ်စွာဆက်ဆံနေရတဲ့အတွက် တရုတ်က ဖြတ် ၅ဖြတ်တွေ လုပ်လာရင် သူတို့ဒေသတည်ငြိမ်တည်ရှိရေးအတွက် ရှင်သန်ရေးအတွက် တရုတ်အလိုကျ စစ်ပွဲရပ်ပေးရတာဖြစ်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။   

MNDAA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ (၁၀၂၇ ဒုတိယလှိုင်းအတွင်း) မှာ လားရှိုးမြို့အပါအဝင် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတဲ့အနက် ရမခ ဟာ တော်လှန်ရေးကာလအတွင်း ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်ပါတယ်။ 

အခုလိုမျိုး MNDAA နဲ့ စစ်တပ်တို့ကြား အပစ်အခတ် ရပ်စဲလိုက်ရတာမှာ ဖိအားအမျိုးမျိုးနဲ့ အကြောင်းအရင်းများစွာ ရှိနိုင်ပေမယ့် MNDAA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်က ဆေးကုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာပြည်ခွင့်မပေးဘဲ တရုတ်ကနေ ဖမ်းဆီးထားကာ ဖိအားပေးတယ်လို့ သုံးသပ်သူတချို့လည်း ရှိနေပါတယ်။ 

MNDAA ခေါင်းဆောင်များ

အဲဒီအပေါ်မှာလည်း ဦးသန်းစိုးနိုင်က “သူတို့က မြန်မာနိုင်ငံသားရော… တရုတ်နိုင်ငံသားအဖြစ်ပါ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေပါ၊ တရုတ်အစိုးရကလည်း သူ့ကို အချိန်မရွေးဖမ်းလို့ရတယ် ခေါ်လို့ရတယ် လွှတ်ဖမ်းလို့လည်းရတယ် ပြီးတော့ ဒီကိစ္စကို တရုတ်ဘက်ကလည်း ငြင်းထားပါတယ်၊ အဲ့တော့ ဖမ်းသည်ဖြစ်စေ မဖမ်းသည်ဖြစ်စေ တရုတ်အစိုးရအတွက်က အရေးမကြီးသလို ဖမ်းလည်းရတယ်… မဖမ်းလည်းရတဲ့ အခြေအနေဖြစ်တယ်” လို့ သုံးသပ်ပါတယ်။ 

ညီနောင် ၃ ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးမီးတောက်ကို အရှိန်အဟုန် မြင့်တက်စေခဲ့ပြီး စစ်ကောင်စီအတွက် များစွာသော စစ်အင်အားတွေ စစ်လက်နက်တွေ ဆုံးရှုံးအထိနာခဲ့တာကတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ မျက်မြင်ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။

“AA တို့၊ TNLA တို့လို အဖွဲ့အစည်းတွေအနေနဲ့ကတော့ တရုတ်နယ်စပ်မှာ ရှိတာလည်း မဟုတ်တဲ့အတွက် သူထိန်းချုပ်လို့လည်း မရပါဘူး၊ ပြောလည်း လက်ခံချင်မှ လက်ခံမှာပေါ့ဗျာ… အဲ့လို အခြေအနေဆိုတော့ နွေဦးတော်လှန်ရေးမှာ MNDAA ရဲ့ ပါဝင်မှု အခန်း အဆုံးသတ်သွားပြီလို့ ယူဆပါတယ်၊ ဒါပေမယ့် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကိုတော့ ဘာမှ တားဆီးဟန့်တားနိုင်တဲ့ အခြေအနေမရှိပါဘူး” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးကို စစ်ထောင်ချလိုက်တာ … စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ

စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။ 
Read More

အရှိန်ကောင်းနေသည့် ချင်းညီနောင် မြို့သိမ်းတိုက်ပွဲများ၊ “မကြာခင်မှာတော့ ကျနော်တို့ လက်ထဲကို ဖလမ်းမြို့ကို ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”

ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖွဲ့မှုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေဟာ စုစည်းတည်ထောင်ချိန် ၁နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။
Read More

စစ်တပ်ထဲတွင် ဆေးသုံးထားပြီး ထမင်းမကျွေးရင် မစားသူ၊ တစ်ယောက်တည်း စကားပြောနေသူ၊ ရယ်နေသူ၊ ငိုနေသူများ တွေ့ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းတပ်သား ပြော

အကြမ်းဖက်စစ်တပ်ထဲမှာ ဆေးကြောင်နေသူတွေ၊ အဘိုးအိုတွေ၊ ပညာမဲ့တွေနဲ့အတူ အထက်အောက် ဖိနှိပ်အနိုင်ကျင့်မှုတွေ ကြုံခဲ့ရတဲ့အကြောင်း စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 
Read More

စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်ပေမယ့် ဘေးကင်းနေဆဲ ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာနိုင်ငံတွင်း တိုင်းဒေသတွေမှာတည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
Read More

“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာ နေထိုင်တဲ့အသက်၂၀ အရွယ် သာမာန်လူငယ်လေးတစ်ယောက်ပါပဲ။ စစ်ကောင်စီကိုသဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။