ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်က မီးသတ်ရုံ အဆောက်အအုံ မီးလောင်ပျက်စီးသွားပြီး အမျိုးသမီးတစ်ယောက်လည်း ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ မီးသတ်ရုံအဆောက်အဦး ဗုံကြဲချခံရပြီး မီးလောင်ခဲ့ပါတယ်။ အဲဒီအနားမှာ အသက်၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန်ခဲ့တယ်” လို့ ကျိုင်ဒုံမြို့ နေထိုင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်လေယာဉ်ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့သည့် မီးသတ်ရုံ (ဓာတ်ပုံ ဒေသခံ)

“သတင်းတစ်ခုခုရလို့ လေယာဥ်နဲ့ ဗုံးလာကြဲတာဖြစ်မယ်။ အရင်ရက်က အဲဒီမီသတ်းရုံမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တည်းခိုသွားတာတော့ ရှိခဲ့ဖူးတယ်။ အခုကတော့ ဘာတိုက်ပွဲမှလည်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲချသွားတာ” လို့လည်း အထက်ပါ ဒေသခံက ဆိုပါတယ်။

ကျိုက်ဒုံမြို့ဟာ KNU ထိန်းချုပ်ထားရာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်အပါအဝင် KNU ထိန်းချုပ်ရာ ဒေသတွေမှာ စစ်ကောင်စီက ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်သင်တန်းဆင်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသဆီ စစ်ကောင်စီ အလောတကြီး ပို့ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၂၆) ရက်က လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကိုင်းမြို့အနောက်ခြမ်းတွင် စစ်အုပ်စု၏လက်နက်ကြီး ထိမှန်ပြီး အရပ်သား အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ခဲ့လို့ သလွန်ဖြူရွာနေ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။