၂၀၂၅ ခုနှစ်ဟာ မြန်မာတစ်နိုင်ငံလုံး စစ်မျက်နှာစုံ ဖွင့်တိုက်မယ့်နှစ် ဖြစ်ပြီး ဧရာဝတီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေး ပြောကြားလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ အိမ်ပြန်မယ့်လှိုင်း ဧရာဝတီတိုင်း ကမ်ပိန်းဖွင့်ပွဲမှာ NUG ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။

“ပြင်းပြတဲ့ စိတ်ခွန်အား လက်တွေ့ကျတဲ့ အုပ်ချုပ်မှုတွေ ပေါင်းစပ်ထားတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးကို ဘယ်အရာကမှ ဟန့်တားနိုင်တော့မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတည်းဟူသော ကျနော်တို့အားလုံးရဲ့ အိမ်ကို တက်အုပ်စိုးနေတဲ့ သူခိုးဓားပြ လက်ကနေ ပြန်ယူကြဖို့ လိုနေပါသေးတယ်။ ဧရာ၀တီတိုင်းသူ တိုင်းသားတွေက နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး တော်လှန်ရေးကာလ တစ်လျှောက်လုံး ခြေသံမကျယ် နှုတ်မကြွယ်ဘဲ ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်ဆိုတာ ဖျောက်မရ ငြင်းမရတဲ့ သေချာမှုတွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့်ပြီး တိုက်ပွဲဝင်ကြမယ့် ၂၀၂၅မှာ ဧရာ၀တီဟာလည်း အရေးကြီးတဲ့ စစ်မျက်နှာတစ်ခုဖြစ်လာမယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

“နယ်ပယ်ဒေသအသီးသီးမှာ ဧရာဝတီသားတွေရောက်နေခဲ့ပါပြီ။ အင်အား သိန်းနဲ့ချီတဲ့တော်လှန်ရေးအင်အားစုတွေဟာလည်း ခုဆိုရင် အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ လက်နက်ကိုင်ထားပြီး အထက်ကအမိန့်ကို စောင့်ဆိုင်းနေကြပါပြီ။ အရေးကြီးတဲ့စစ်မျက်နှာဖြစ်လို့ စစ်သင်တန်းတွေမှာ ပိုမိုအားထုတ်ကြိုးပမ်းနေကြတယ်” လို့လည်းဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်ကလည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အနှံ့မှာ AA က စစ်ကောင်စီတပ်တွေကို ချေမှုန်းတိုက်ထုတ်ထားပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ရခိုင်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းအတွင်း ခံစစ်ပြင်ကာ လုံခြုံရေး တင်းကြပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်တွေဟာလည်း ဧရာဝတီတိုင်းထဲအထိ ကျွံဝင်လာပြီး ချောင်းသာကမ်းခြေအနီးက ရွှေသောင်ယံမြို့တဝိုက်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟွန်ဒီလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာလို့ ဒေါ်လာစျေးပြန်ကျ

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။