အင်္ဂလန်နိုင်ငံမှာ ဆွစ်ဇလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ကြီးမှူးကျင်းပတဲ့ “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ညီလာခံကို ဇန်နဝါရီလအတွင်း (၃) ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာယန္တရားင ထိပ်တန်းအရာရှိတွေ၊ ဥရောပနိုင်ငံအစိုးရတွေက လူ့အခွင့်အရေးဆိုင်ရာ သံတမန်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ၊ အထူးတာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးကို အားပေးလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးတွေနဲ့ ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်တွေ ရှိပေမယ့် မြေပြင်မှာ လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ အန္တရာယ်ကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှု အခြေအနေတွေ အားနည်းနေမှုကို ထောက်ပြပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ အထူးကြုံတွေ့နေရတဲ့ မတရားဖမ်းဆီးခံရမှုတွေ၊ စစ်ဆေးရေးနဲ့ ဖမ်းဆီး ထိန်းသိမ်းထားချိန်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေနဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး ဖိနှိပ်ခံရမှုအခြေအနေတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအရေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေ အထူးအလေးထားလုပ်ဆောင်ဖို့နဲ့ ကုလသမဂ္ဂလုပ်ငန်းစဉ်ယန္တရားတွေမှာလည်း ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး အထူးတိုးတက်အောင် လုပ်ဆောင်ပေးဖို့ NUG လူ့အခွင့်အရေးဝန်ကြီးက တိုက်တွန်းခဲ့ပါသေးတယ်။

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို အန္တရာယ်ပြုနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်လို ရာဇဝတ်မှုကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေအရ အရေးယူပြီး အပြစ်ကနေ ကင်းလွတ်ခွင့် ရရှိနေမှုတွေကို အဆုံးသတ်ဖို့လည်း NUG ဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျားသစ်နက် စစ်ကြောင်း တပ်ခွဲ – (၂) ၏ (၄) နှစ် အတွင်း ပါဝင်ခဲ့သည့် တိုက်ပွဲများကို ထုတ်ပြန်

စစ်ကြောင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အနေနဲ့ စတင်ဖွဲ့စည်းချိန်စပြီး နွေဦးတော်လှန်ရေးကာလ (၄) နှစ်တာအတွင်း ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေကို ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ-(၂) က ထုတ်ပြန်လာပါတယ်။
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အပြစ်မဲ့ အရပ်သား (၂) ဦးကို ARSA သတ်ဖြတ်ခဲ့ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ARSA အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူလူထုကို ခြုံခိုတိုက်ခိုက်ပြီး အကြမ်းဖက်သတ်ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား တာတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။