ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို ညနေ ၆နာရီကနေ မနက် ၆နာရီအထိ ဖြတ်သန်းသွားလာခွင့် မပြုတော့တာဖြစ်ပြီး ကန့်သတ်ပိတ်ပင်လိုက်တဲ့ ဧရိယာထဲမှာ မဖြစ်မနေ သွားလာရတဲ့လမ်းတွေ ပါဝင်တာကြောင့် အလုပ်သမားတချို့ အလုပ်သွားအလုပ်ပြန် အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

“သူတို့သတ်မှတ်ထားတဲ့ ဧရိယာဆိုတော့ လမ်းတွေပါ ပါဝင်နေတယ်လေ။ မဖြစ်မနေ အဲဒီစက်ရုံနားကနေ အလုပ်သွားအလုပ်ပြန် လုပ်နေကြရတာတွေ ရှိနေတယ်။ ပုဒ်မ ၁၄၄ ထုတ်လိုက်တော့ အလုပ်သွားတဲ့သူတွေ အဆင်မပြေဖြစ်နေကြရတာပေါ့။ အဓိကကတော့ စက်ရုံကို ဗုံးခွဲတိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွင် အခုလို အားခြင်း ပုဒ်မ၁၄၄ ထုတ်လိုက်တာဖြစ်တယ်” လို့ စက်ရုံနဲ့နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရဲ့ အမှတ် ၁ ရေနံချက်စက်ရုံ (သန်လျင်) ဝန်းအတွင်း ရေနံစိမ်း တန်ချိန် ၅သိန်း ချက်လုပ်နိုင်မယ့် Modular Type စက်ရုံသစ် တည်ဆောက်ဖို့ လုပ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ အစောပိုင်းမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ ကြေးစားလူမိုက် လူရမ်းကားတွေကို အခကြေးငွေပေးကာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခိုင်းတာတွေလည်း ရှိနေတာကြောင့် ညမထွက်ရအမိန့်ဟာ ပြည်သူတွေအတွက် ပိုမိုစိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေပါတယ်။

0 Shares:
You May Also Like
Read More

KK Park တွင် KNU ပါဝင်ပတ်သက်နေသည်ဟု စစ်တပ်၏ စွပ်စွဲချက် KNU ပြတ်ပြတ်သားသား ငြင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU ပါဝင်ပတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုယာဥ်တန်းအား တော်လှန်ရေးတပ်များ ပြောက်ကျားတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၀ ဦး သေပြီး သေနတ် ၄ လက် ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
Read More

ထန်းတပင် ထွေအုပ်ရုံးမှာပြုလုပ်တဲ့ စစ်အုပ်စုအစည်းအဝေး တိုက်ခိုက်ခံရပြီး ထွေအုပ် ဒု-ညွန်မှူးတစ်ဦး သေဆုံး၊ ရန်ကုန် − မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်အုပ်စု ရဲစခန်းနှင့် ဂိတ်စခန်းများ တိုက်ခိုက်ခဲ့ရပြီး စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ရဲစခန်းကို ဒေသကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ ဒုတိယညွန်ကြားရေးမှူးတစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေး အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်အတွက် အမြတ်ကြီးကြီးရရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့ လက်ရှိတော်လှန်ရေးဟာ အင်မတန် အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြတ်ကြီးကြီးရဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။