မန္တလေးတိုင်း မြင်းခြံနဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းအတွက် လူငယ်တွေကို ဆက်တိုက်သလို ပေါ်တာဆွဲဖမ်းဆီးနေရာ အသက်မ​ပြည့်သေးတဲ့ ကျောင်းသားလူငယ်တွေလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလတွေအတွင်း မြင်းခြံမြို့နယ်မှာ အသက် ၁၅နှစ်နဲ့ ၁၆နှစ်အရွယ် ကျောင်းသားလူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကြေးတောင်းခံ ပြန်လွှတ်ပေးတာမျိုးတွေရှိနေတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ရက်နေ့က ရှားတောရွာနေ အထက်တန်း ကျောင်းသား ၆ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ငွေတစ်သိန်းတောင်းခံကာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

“အခုရက်ပိုင်းထဲ မြင်းခြံမှာ အသက်၁၅၊ ၁၆အရွယ် တွေ လူစုစုနဲ့ သွားလာတာတွေ့ရင် စခတွေက ဖမ်းတယ်။ ငွေနဲ့ရွေးခိုင်းတယ်။ အစအနပျောက်သွားတာတွေအထိ ဖြစ်နေတာပါ။ ကျနော်တို့ သိရသလောက်ဆို အခုရက်ပိုင်းထဲ ၁​၀ယောက်ကျော်လောက်ရှိမယ်။ ၁၉ရက်နေ့က ဆိုင်ကယ်စီးလာတဲ့ လူငယ်၄ယောက်ကို ဆွဲတာ ကျောင်းသားကဒ် ၁ယောက်က ပြလိုက်လို့ လွတ်သွားတယ်။ ၂၀ရက်နေ့ကကျ ရှားတောက ၉တန်း၊၁၀တန်းကျောင်းသားတွေပါတာ.. ရှားတောအုပ်ကြီးလိုက်ထုတ်လို့ ၁ယောက် ၁သိန်းတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်ကြားပါတယ်။” လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာလည်း သင်္ကန်းဝတ် ဝါသဝဦးဆောင်တဲ့ စစ်အုပ်စုတွေက ကျေးရွာတွေမှာ လူအင်အားအရေအတွက်နဲ့ စစ်မှုထမ်းစာရင်းကောက်ခံနေပြီး မြို့ပေါ်ရပ်ကွက်နေ လူငယ်တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် လူငယ်၊လူရွယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“မြို့ပေါ်ရပ်ကွက်တွေကို ဝါသဝ လူတောင်းနေတာ ၈၀လို့လည်း ပြောတယ်။ တစ်ရပ်ကွက်ကို ၁၅ယောက်လောက်လို့လည်းပြောတယ်။ သတင်းတွေ အစုံထွက်နေတာ” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ဝါသဝအနေနဲ့ ကန့်ဘလူခရိုင်အတွင်း စစ်အင်အား၊ ပျူစောထီးအင်အားတောင့်တင်းကြောင်း မကြာခဏ ကြွားလုံးထုတ်နေပေမယ့် လက်တွေ့မှာ အသေ​အပျောက်များနေတာကြောင့် အခုလို ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ဆောင်နေတာဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

0 Shares:
You May Also Like
Read More

သုံးနှစ်နီးပါး အချိန်ယူပြင်ဆင်ကာ စစ်တပ်၏ ကေတုမတီလေဆိပ်ကို အသေခံဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က "Operation Thunderbolt" စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ် ချက်ချင်းအရေးယူဆောင်ရွက်ချိန်တန်ပြီလို့ KHRW က တိုက်တွန်းတောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ် ချက်ချင်း အရေးယူဆောင် ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်း  ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုတွေက အမိန့်ပေးစေခိုင်းသူနဲ့ လုပ်ဆောင်သူတွေအားလုံးကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေ

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများမှအမိန့်ပေးစေခိုင်းသူ နဲ့ လုပ်ဆောင်သူများကို အရေးယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပါတယ်။
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ (၂၅) ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။