ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်က မီးသတ်ရုံ အဆောက်အအုံ မီးလောင်ပျက်စီးသွားပြီး အမျိုးသမီးတစ်ယောက်လည်း ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ မီးသတ်ရုံအဆောက်အဦး ဗုံကြဲချခံရပြီး မီးလောင်ခဲ့ပါတယ်။ အဲဒီအနားမှာ အသက်၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန်ခဲ့တယ်” လို့ ကျိုင်ဒုံမြို့ နေထိုင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်လေယာဉ်ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့သည့် မီးသတ်ရုံ (ဓာတ်ပုံ ဒေသခံ)

“သတင်းတစ်ခုခုရလို့ လေယာဥ်နဲ့ ဗုံးလာကြဲတာဖြစ်မယ်။ အရင်ရက်က အဲဒီမီသတ်းရုံမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တည်းခိုသွားတာတော့ ရှိခဲ့ဖူးတယ်။ အခုကတော့ ဘာတိုက်ပွဲမှလည်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲချသွားတာ” လို့လည်း အထက်ပါ ဒေသခံက ဆိုပါတယ်။

ကျိုက်ဒုံမြို့ဟာ KNU ထိန်းချုပ်ထားရာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်အပါအဝင် KNU ထိန်းချုပ်ရာ ဒေသတွေမှာ စစ်ကောင်စီက ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။
Read More

CDF-KKG Major Operation မှ အောင်ပွဲများနှင့်အတူ ပြန်လာသည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ကြိုဆိုဂုဏ်ပြု

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးတွေမှာ Chinland Defense Force - Kalay, Kabaw, Gangaw တပ်ဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ CDF-KKG Major Operation ကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF နဲ့ မဟာမိတ်တပ်တွေက ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေခြင်း မရှိဘူးလို့ ဒေါနတပ်ရင်း အသိပေး

ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။