တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်သင်္ဘောနဲ့ နဘုလယ်ရေနက်ဆိပ်ကမ်းရှိ စစ်အခြေစိုက်စခန်းဆီ Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အများသယ်ဆောင်ဖို့ စောင့်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၂၁ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗထူးတပ်မတော် (BHA)ထံက သိရပါတယ်။

နဘုလယ်ရေနက်ဆိပ်ကမ်းမှာ ပစ္စည်းတွေစုပုံထားပြီး သယ်ယူဖို့ ကားစောင့်နေချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အမြား မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မတော် (BHA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရှင်းလင်းမှု စစ်ကောင်စီတပ်သား ၈ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းရွာမှာ အင်အား ၃၀ နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီရဲ့ ဗိုလ်ရုံစုကို တိုက်ခိုက်ရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်သား ၈ ‌ယောက်သေခဲ့ တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် စောင့်ကြို တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေး /ပူးပေါင်းတပ်တွေအသင့်ကြိုဆိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပျောက်ကျားတပ်က ဒီနေ့သတင်းထုတ်ပြန် ထားပါတယ်။
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

လေထီးမပွင့်ဘဲ သေဆုံးမှုတွေ ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လေထီးခုန် အင်အားဖြည့်တင်းမှု (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးကာ အင်အားဖြည့်တင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 က တပ်ထိန်းလှမောင် ရှင်းလင်းနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF/B-17 က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ မျှဝေလိုက်ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သမီး ၂ ယောက် ဆုံးရှုံးခဲ့ရသည့် မိခင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း သမီး ၂ ယောက် ဆုံးရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ရင်တွင်းစကား ပြောကြားချက်ကို CDM ဆရာမ ဒေါ်ရတီအုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။