ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်အစောပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ မိုးဗြဲမြို့ ၊ လွယ်ဝိုင်းကျေးရွာ အနီးအနားကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံးခန့် လာရောက်ကြဲချခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောကြားထားကြောင်း KNDF ဗျူဟာအမှတ်-၂ က ဆိုပါတယ်။

“ပေါင် ၅၀၀ နဲ့ ၄လုံးလာကြဲသွားတယ်။ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ခုထိ မိုးဗြဲမှာ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေဆဲပဲ။ ပြီးခဲ့တဲ့ ရက်က မိုးဗြဲဖက် စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ကြိုးစားနေလို့ ထိတွေ့မှုပြင်းထန်တယ်။ ဒီမနက်လည်း နေရာတွေကို ပြန်ယူဖို့ သူတို့ ကြိုးစားနေပါတယ်။ ခုထိလည်း တိုက်ပွဲဖြစ်နေပါတယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၂ မနက်ပိုင်းက  ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ KNDF ဗျူဟာအမှတ်-၂)

မိုးဗြဲအခြေစိုက် ခမရ (၄၂၂)တပ်ရင်းကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဇန်နဝါရီလ ၁၉ ရက်ကစပြီး နေ့စဉ်ရက်ဆက် မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီရဲ့ လွိုင်ကော်အခြေစိုက်တပ်ရင်း ၊ မိုးဗြဲ ၊ ဖယ်ခုံ အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

“ပိုပြင်းထန်တာက ၁၉ ၊ ၂၀ ၊ ၂၁ အခုနောက်ပိုင်းပေါ့ ၁၉ရက်နေ့ကစတယ်။ လက်နက်ကြီးက ရက်တိုင်းလိုပဲပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ရက်တွေကတော့ အသံပိုကြားရတယ်။ တိုက်ပွဲမဖြစ်တဲ့ရက်ဆို တစ်ရက်ကို တစ်လုံး၊ နှစ်လုံး ပဲ ဒါပေမယ့် တိုက်ပွဲဖြစ်ရင်တော့ နေ့တိုင်းပစ်တယ်။ တစ်ရက်နဲ့ တစ်ရက်က မတူဘူး။” လို့ ရှေ့တန်းရင်းမြစ်က ပြောကြောင်း KNDF ဗျူဟာအမှတ်-၂ က ဆိုပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၂ မနက်ပိုင်းက  ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ KNDF ဗျူဟာအမှတ်-၂)

၂၀၂၃ ခုနှစ် ၊ ၁ လေးလုံးစစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးနေတာဟာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကတော့ မိုးဗြဲမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ဖို့ မကြာခဏ စစ်ကြောင်းထိုးနေပြီး လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုကို အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။

၂၀၂၅ခုနှစ် နှစ်စပိုင်းကစလို့ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာ ၊ စစ်ရှောင်စခန်းရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု ပြုလုပ်နေခဲ့တယ်လို့ KNDF ဗျူဟာအမှတ်-၂ က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၂ မနက်ပိုင်းက  ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ KNDF ဗျူဟာအမှတ်-၂)
0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၁၂ ယောက် အထိရှိလာပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ အယောက် ၂၀ ကျော် ရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ သေဆုံးသူ ၁၂ယောက်အထိ ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်း ရှိထားကြောင်း People's Defense Comrade တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ ​
Read More

တိုက်ပွဲဖြစ်မှာကြောက်လို့ ကျောင်းမတက်တဲ့ ကလေးတွေကို စစ်ကောင်စီ ဖိအားပေး ကျောင်းတက်ခိုင်းနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ် (အမတ ၃၄၄) အနီးမှာရှိတဲ့ ကျောက်ခဲချောင်းကျေးရွာ မူလွန် စာသင်ကျောင်းက ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးကာ ကျောင်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ရွာမီးရှို့နေသည့် စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

SSNDF /KNDF ဗျူဟာ ၉ ရဲ့ B-102 တပ်ရင်းမှ ပြုလုပ်သည့် တပ်ရင်းဆွေးနွေးပွဲ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF /KNDF ဗျူဟာ ၉) B-102 တပ်ရင်းက ပြုလုပ်တဲ့ တပ်ရင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်ကနေ ၂၂ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။