မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ (၂၁)ရက်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးနေတာပါ။

စစ်ကောင်စီက မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်ရုံသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာတာကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာနဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက် တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအနီးနဲ့ သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာတို့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် လူနေရပ်ကွက်တွေကိုလည်း ဇန်နဝါရီလ (၂၁)ရက်နဲ့ (၂၂)ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သာကေတနှင့် မြောက်ဥက္ကလာပတွင် စစ်အုပ်စု၏ ဌာနဆိုင်ရာနှင့် လုံခြုံရေးယူထားသည့်နေရာများ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးနဲ့ လုံခြုံရေးချထားရာနေရာတွေကို ဇွန် ၁၈ ရက် (မနေ့ညပိုင်း) မှာ ကိုယ်စီ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကြုံးဝါးခဲ့တဲ့အတိုင်း အမ်း (နပခ) ကို တက်ကြိတ်လိုက်တဲ့ ရက္ခိုင့်တပ်တော် AA

AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။
Read More

နေပြည်တော် တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီများ စည်ပင်ကို ဆက်သွယ်ရန် စစ်ကောင်စီ ထုတ်ပြန်

အသိပေးထုတ်ပြန်ချက်ထဲမှာ ဘာအတွက်ကြောင့် ဆောက်လုပ်ရေးကုမ္ပဏီတွေကို ခေါ်ယူတယ်ဆိုတာ မဖော်ပြထားပေမယ့်၊ နေပြည်တော်အထူးဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ရုံးဌာနအဆောက်အဦး၊ ဝန်ထမ်းအိမ်ရာ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦး၊ အခြားအဆောက်အဉီးတွေ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးအနေနဲ့ နေပြည်တော်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)ကို ဆက်သွယ်ရမယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်လိုက်တာပါ။
Read More

ဇီးကုန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရဲ့ အရှေ့ဘက် တမံကြီးရွာ၊ ဒေါကျော်ရွာနဲ့ ရေတာရှည်ရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု တပ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။