ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် ရဲစခန်းအနီးဝန်းကျင်ကို ဇန်နဝါရီ ၂၂ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာလည်း နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁)လုံး နဲ့ စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာ တိုးဂိတ်အနီးကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြိတ်ကိုလာတဲ့ စစ်ယာဉ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​- ပကဖ မြိတ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကင်းလှည့်ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါ စစ်သား ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာမှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က ထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် ထားဝယ်မြို့ပေါ်မှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေ

အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလထဲမှာ စစ်အုပ်စုဟာ မြို့ပေါ်ရှိနေအိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှု ပြုလုပ်နေပြီး ရပ်ကွက်တစ်ခုမှာ လူငယ် ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။