ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲတွေအပြီး နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဖြစ်တဲ့ ယောအလင်းတန်းဆီက သိရပါတယ်။ 

ဇန်နဝါရီလ တတိယအပတ်ထဲ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ ပြည့်ဝရွာ အမှတ် ၃၇၁ အမြောက်တပ်ရင်းနဲ့ ထီးလင်းမြို့က စစ်အုပ်စုတွေဆီ ပခုက္ကူတပ်မ ၁၀၁ကနေ  ရဟတ်ယာဥ်တွေနဲ့ လူသူလက်နက်အင်အား ထောက်ပံ့​​ပို့ဆောင်ပေးနေတယ်လို့ ယောအလင်းတန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ရက်နေ့ကစလို့ ၂၁၊ ၂၂ရက်​တွေထဲ ဂန့်ဂေါမြို့ အရှေ့တောင်ဘက်မှာရှိတဲ့ ပြည့်ဝရွာ အမှတ် ၃၇၁ အမြောက်တပ်ရင်း​ဆီ ပခုက္ကူတပ်မ ၁၀၁ကနေ Mi17 စစ်ထောက်ပို့ရဟတ်ယာဥ်နဲ့ လက်နက်ခဲယမ်းတွေ ၃ရက်ဆက်တိုက် ဖြည့်တင်းပေးခဲ့တယ်လို့ ယောအလင်းတန်းက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၀ရက်နေ့မှာ ပခုက္ကူ တပ်မ ၁၀၁ကနေ ထီးလင်းမြို့နယ်ဆီ ဗိုလ်အောင်စိုးဦး(ခ) ဗိုလ်ညောင်ဦးအစားထိုး ဗိုလ်ကြီး၁ယောက်အပါအဝင် အင်အား ၁၃ယောက်နဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းပေးခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ထီးလင်းမြို့က စစ်အုပ်စုတပ်စွဲရာ စကစ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းနေရာ၂ခုကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထီးလင်းမြို့ အောင်တော်မူဘုရားဖက်မှာလည်း ကင်းပုန်းဝပ် စစ်ကောင်စီတပ်သားတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မိနစ် (၃၀) ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် ဂန့်​ဂေါခရိုင်တပ်ရင်းတွေက ကြိုးစားနေပြီး မြို့နယ်ပအဖ၊ ပကဖတို့ကလည်း မြို့ကိုချေမှုန်းတိုက်ခိုက်သွားမယ့်အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“စခအထိအခိုက်တွေကတော့ မသိရသေးပါဘူး။ ၂၀ ရက်နေ့ နေ့ခင်းပိုင်းကတော့ Mi 17 နဲ့  လက်နက်ခဲယမ်း အပါ အင်အား ၁၃ယောက် ချခဲ့တယ်လို့သိရတယ်။ အရင်တိုက်ပွဲဖြစ်လို့ ကျဆုံးသွားတဲ့ နေရာတွေမှာ အစားထိုးတယ်လို့လည်း သတင်းရတယ်။ အခုဆို ချင်းပြည်တောင်ပိုင်းလည်း လွတ်မြောက်သွားတာကြောင့်လည်း ပါမယ်” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ တတိယပတ်တုန်းက ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင် နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အဖမ်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိသလို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းက ဆောနဲ့ ကျောက်ထုအမြောက်တပ်တွေထဲ ဝင်ရောက်လာတာတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုမျိုးစစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားမိသားစုဝင်တွေဟာ ဂန့်ဂေါခရိုင်ထဲက စစ်ကောင်စီတပ်တွေနဲ့ ပေါင်းစည်းမိတာရှိသလို ဗျူဟာအမှတ် ၈၁၊ ယောဗျူဟာလို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိတာမျိုးတွေလည်း ရှိနေပါတယ်။

လက်ရှိအချိန်ထိ  ချင်းပြည်တောင်ပိုင်းတိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ တပ်ကြပ်၁ယောက် အပါအဝင် စစ်ကောင်စီတပ်သားနဲ့ မိသားစု၁၆ယောက်အထိကို ဗျူဟာ အမှတ် ၈၁ ၊ ယောဗျူဟာ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

အောင်ပန်း-မန္တလေး လမ်းမပေါ် ရေပြာအိုင်အနီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း - မန္တလေး လမ်းမပေါ်မှာ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် - ၁၀၀၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်က စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ တောင်ပေါ်ကျောင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ဒူရက စစ်ကြောင်း) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ KIA တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပဲခူးကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး(၁) ဦးအပါ (၆) ဦး သေဆုံး၊ ငါးဦး အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။