တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

တရုတ် အပါအဝင် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံပါဝင်တဲ့ ကျားဖြန့်နှိမ်နင်းရေးနဲ့ လက်နက်ခဲယမ်း မှောင်ခိုတိုက်ဖျက်ရေး “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှုကို ၂၀၂၅ ခုနှစ်မှာ အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဇင်ယော်”လို့ အမည်ပေးထားတဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ တရားမဝင် လက်နက်ခဲယမ်းမှောင်ခိုတွေကို အဓိက ဖော်ထုတ်သွားမယ်လို့လည်းဆိုပါတယ်။

မြန်မာပြည်ရဲ့ နယ်စပ်မြို့တွေမှာ အဓိကအခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ကျားဖြန့်နဲ့ ငွေလိမ်ဂိုဏ်းတွေကိုအဓိက ဖော်ထုတ်နိုင်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း တရုတ်က ဆိုပါတယ်။

2023 ခုနှစ်က ကျားဖြန့်ခေါင်းဆောင်အချို့ကို တရုတ်နိုင်ငံထံမြန်မာနိုင်ငံကလွှဲပြောင်းပေးစဉ် 

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်ထဲမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆၀၀၀ကျော် ထိန်းသိမ်းခံထားရတယ်လို့လည်း Civil Society Network ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျားဖြန့်တွေကြောင့် ခရီးသွားလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်တည်ငြိမ်ရေးလုပ်ငန်းတွေအတွက်လည်း များစွာ ထိခိုက်နစ်နာနေရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီ မထိန်းချုပ်နိုင်ခဲ့တဲ့ နယ်စပ်က ငွေလိမ်ဂိုဏ်းတွေကြောင့် မြန်မာနိုင်ငံကပြည်သူတွေအပါအဝင် အိမ်နီးချင်းနိုင်ငံကပြည်သူတွေပါ ထိခိုက်နစ်နာဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

ဒေသတွင်း တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို စစ်ကောင်စီက လည်း ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် တိုက်ဖျက်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

2023 ခုနှစ်က ကျားဖြန့်ခေါင်းဆောင်အချို့ကို တရုတ်နိုင်ငံထံမြန်မာနိုင်ငံကလွှဲပြောင်းပေးစဉ်
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးတွင် စစ်ကောင်စီက ထောင်နှင့်ချီသည့် အရပ်သားများကို စစ်မှုထမ်းခိုင်းဖို့ကြိုးစားနေ၊ ခရီးသွားများကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများရှိလာ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်မှုထမ်းခိုင်းဖို့လုပ်ဆောင်နေသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

နောင်ချို၊ ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ပျက်စီး

TNLA ကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။