စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် နေ့လည်ပိုင်းက စစ်ကိုင်းတပ်မ ၃၃ ကို ပို့ဆောင်ဖို့ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ Jummer ယာဉ် ၃ စီးအပါအဝင် စစ်တပ်ယာဉ် ၁၀ စီးအနက်  ၃ စီးမြောက်ယာဉ်ကို ပြင်းအားမြင့် ၄ လုံးတွဲ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ယာဉ်ပေါ်က စစ်ကောင်စီတပ်သားတွေဟာ ကြောက်လန့်တကြားနဲ့ အနီးဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို Area71 PDF Monywa၊ Anyar Defence Force (ADF)နဲ့ Tiger Brother Peoples Defence  အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNDF စစ်ရေးချုပ် ခူးရီးဒူ၏ ရဲဘော်တွေထံ ညွန်ကြားချက် (ရုပ်/သံ)

"တော်လှန်ရေးမှာ တာဝန်အကျေဆုံးက လူထုပဲ၊ မင်း ဘယ်ရှုထောင့်ကနေပဲတွေးတွေး လူထုက တာဝန်အကျေဆုံးပဲ၊ လူထုထက်တာဝန်ကျေတဲ့သူ ဘယ်သူမှမရှိဘူး၊ သူတို့ကို ညှာတာပါ ကိုယ်ချင်းစာပါ မင်းတို့ငါတို့"
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပျူရွာမှာ အငတ်ဘေးကြုံ ဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို ၇ ဦးကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

Southern Eagle PDF ဆေးမှူး ရဲဘော် Lightning ၏ စျာပန (ရုပ်/သံ)

ပဲခူး-ရန်ကုန် လမ်းပိုင်းတိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ဆေးမှူး Lightning ရဲ့ နာရေးစျာပနရုပ်သံကို Southern Eagle PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားခဲ့သော အထိမ်းအမှတ်မိန့်ခွန်း (ရုပ်သံ)

''ရေဘေးဒုက္ခများကို ပြည်သူများဟာ ဆိုးဝါးစွာ ခံစားနေရတာ စိတ်မကောင်းစွာ မြင်တွေ့နေရ တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာ လောဘစိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် တွေကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးဝါးစွာ ရင်ဆိုင်ခံစားနေရတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့နေနေသာသာ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့သာ တာစူနေတွေ့မြင်ရပါတယ်''