ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖြူးမြို့နယ်က ဟိန္ဒူဘုရားကျောင်းဝန်းအတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် (၇) ယောက် သေဆုံးခဲ့ပြီး ပြည်သူ (၄) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီ သေဆုံး၊ ဒဏ်ရာရရှိသူ တစ်ယောက်စီကို ထောက်ပံ့ငွေကျပ် ၅ သိန်း ၅ သောင်းကို Myanmar Hindu Union အဖွဲ့ကိုယ်စား ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ၊ ရန်ကုန်တိုင်း စစ်ရေးတာဝန်ခံ၊ အမှတ် (၃၅၀၂) တပ်ရင်း ပြည်သူ့လုံခြုံရေးတာဝန်ခံ နဲ့ အခြားတာဝန်ရှိသူတွေက ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ပကဖ နဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေးတာဝန်တွေအပြင် လူထုကူညီထောက်ပံ့ရေးနဲ့ လူထု စည်းရုံးရေး တာဝန်တွေကိုလည်း ပူးပေါင်းထမ်းဆောင်နေတာပါ။ ခုခံတော်လှန်စစ် အရှိန်မြှင့်လာတာနဲ့အမျှ အမြန်လမ်းဒေသ ဖြစ်တဲ့ ဖြူးမြို့နယ်တွင်းကိုလည်း ပကဖ နဲ့ PDF တပ်ဖွဲ့ဝင်တွေ စိုးမိုးအခြေစိုက်မှု ပိုမိုကျယ်ပြန့်လာကာ လူထုစည်းရုံးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

တောင်ပိုင်း စစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၅) မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးရဲဘော်များ ပစ်ခတ်တဲ့ ဒရုန်း‌ကြောင့် ရွှေဘို သီလုံးရွာက ပျူခေါင်းဆောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက သီလုံး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့လို့ ပျုခေါင်းဆောင် ၁ဦး သေဆုံးပြီး၊ ပျူစောထီး ၄ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Shwebo Crocodile က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ပြလုပ်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု သင်တန်းသား ဗိုလ်မှူးများအပါ ၇ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးသွားတယ်လို့ Brave Warriors For Myanmar (BWM) က နောက်ဆက်တွဲ သတင်းထုတ်ပြန်လာပါတယ်။