အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့အနီးက ဘောမိရွာနဲ့ ကမ်းခြေကို AA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် ရခိုင်-ဧရာဝတီအစပ်ဖြစ်တဲ့ နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရွှေသောင်ယံကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ယာယီထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ အင်အားဖြည့်တင်းပြီး ပြန်လည်တိုက်ခိုက်နိုင်တဲ့ အခြေအနေတွေရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ 

(ဓာတ်ပုံ ISP Myanmar ၏ ရုပ်သံမှ)

“ဧရာဝတီက တိုင်းဒေသကြီး ၇ ခုထဲမှာပါပေမယ့် ရခိုင်မင်းဆက်တွေ ပိုင်ခဲ့တဲ့ နယ်မြေတွေ ရှိပါတယ်၊ ပြီးတော့ ကရင်လူမျိုးစုတွေကလည်း ဒီမှာနေကြတယ်… အဲ့တော့ နယ်မြေပိုင်းခြားမှုအရဆိုရင် မော်တင်စွန်းနေရာလောက်ထိကို လုပ်သွားဖို့ရှိတယ်၊ ကျန်တဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်လာပြီ အသင့်ဖြစ်သွားပြီဆိုရင်တော့ ဧရာဝတီက ခဏပါပဲ” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

စစ်ကောင်စီကင်းစင်တဲ့ အာရက္ခပြည် တည်ထောင်ဖို့ ဦးတည်တိုက်ခိုက်ရာမှာ အရင်ကထက် ပိုများတဲ့ ဖိအားတွေကိုလည်း AA အနေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။ 

AA တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့ကို အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့၊ မာန်အောင်မြို့တို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 

“ကျန်ရှိနေတဲ့ ၃မြို့နယ်ကလည်း AA အနေနဲ့က ဝိုင်းဖက် ပိတ်ဆို့ထားပြီးသားလို့ ယူဆပါတယ်… သူတို့က ပိုင်မှ ပြောတာ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး၊ သူတို့ အသာစီးရောက်ခါမှ ပြောတာပေါ့နော်.. တချို့နယ်မြေတွေဆိုရင် သိမ်းပြီးသလောက်နီးပါးရှိနေပါပြီ သူတို့ မကြေညာသေးဘူး… သေချာတဲ့ အချိန်ကျရင်တော့ ထုတ်ပြန်လာမှာပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိတဲ့အနက် ၁၀ ခုကို  AA တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူ PDF ၊ ပွင့်ဖြူ ပကဖ နဲ့ Yenanthar Youth Force တို့ရဲ့ စုပေါင်းကထိန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း (ပွင့်ဖြူ PDF) ၊ Yenanthar Youth Force နဲ့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စုပေါင်းကထိန်ပြုလုပ်ခဲ့တယ်လို့ ပွင့်ဖြူ PDF က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဥသျှစ်ပင်မြို့ပေါ်က စစ်မှုထမ်း ရှောင်ရှားဖို့ လစဉ်ကြေးပေးနေရသည့် ရပ်ကွက်များတွင် ပေါ်တာဆွဲ ဖမ်းဆီးခံနေရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ စစ်ကောင်စီတပ်တွေဟာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို မြို့ပေါ်ရပ်ကွက်တွေထဲအထိပါ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မိုးကုတ် ပကဖ က စစ်ဘေးရှောင် ပြည်သူတွေကို ဆေးဝါးကုသမှုပေးနေ

မန္တလေးတိုင်း‌၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ် ပကဖ က ဆေးဝါးကုသရာမှာ ခက်ခဲနေတဲ့ ကျေးရွာတွေကို ကွင်းဆင်းကာ လိုက်လံကုသပေးနေတယ်လို့ သိရပါတယ်။