မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား (၁)ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၂၁ရက် မနက် ၇ နာရီဝန်းကျင်မှာ မြင်းခြံမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်၊ ချောင်းဒေါင်းလမ်းဆုံမှာ ပြည်သူတွေကို ဆပ်ကြေးကောက်နေတဲ့ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ ရဲတပ်သားတွေဟာ အမှတ်(၂) ရဲစခန်းက ထွက်လာသူတွေဖြစ်ပြီး အင်အားကတော့ (၅) ယောက်ခန့်ရှိတယ်လို့ သိရပါတယ်။ 

“သူတို့က ဆိုင်ကယ်နဲ့လာတာ… လာပြီးတော့ ချောင်းဒေါင်းလမ်းဆုံမှာ စစ်နေတာ၊ တစ်ဖက်က ၃ယောက်… တစ်ဖက်က ၂ယောက်ပေါ့၊ မိုင်းကလည်း ၂ဖက်လုံးမှာ ထောင်ပြီးသားပဲ၊ ဒါပေမယ့် ၃ယောက်ဖက်ကိုပဲ ကျနော်တို့ မိုင်းဆွဲခဲ့တာပါ၊ ၂ယောက်ရှိနေတဲ့ဖက်က ပြည်သူတွေပါရှိနေတော့ ကျနော်တို့ တော်တော်တိုင်ပတ်သွားပါတယ်” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

(ဓာတ်ပုံ Myingyan Black Tiger)

တိုက်ခိုက်မှုအပြီး ရဲတပ်သား ၁ယောက် မျက်မြင်သေဆုံးခဲ့ပြီး ကျန်တဲ့ ၂ယောက်ကလည်း အပြင်းအထန် ထိခိုက်သွားတာကြောင့် သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ 

ဗိုလ်မိုက်ခဲကပဲ ဆက်လက်ပြီး “ကျန်တဲ့ ၂ယောက်တော့ ရမ်းသမ်းပစ်ခတ်တာတွေရှိပါတယ်၊ ထိခိုက်သွားတဲ့ ၂ယောက်ကလည်း သေဖို့များပါတယ်.. ဒါပေမယ့် အတည်မပြုနိုင်သေးတာပေါ့နော်၊ ၃ယောက်မှာ ၁ယောက်ကတော့ ပွဲချင်းပြီးပြုတ်သွားတာ… ထိခိုက် ၂ ယောက်ကလည်း သေနတ်ကိုင်ပြီး ပြန်ပစ်ဖို့လုပ်သေးတယ်ဗျ… ခနနေတော့ သူတို့ ၂ယောက်လည်း လဲကျသွားပါတယ်” လို့ ဆိုပါတယ်။  

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဝန်ထမ်းတွေရှိတဲ့ နေရာတွေမှာ အနားယူတာတွေ၊ နီးကပ်စွာသွားလာတာတွေကို မပြုလုပ်ဖို့လည်း BMT တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၅၄ ဦး အလင်းဝင်လာ၊ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိ

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ယောက်နဲ့ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဦးစီးပြုလုပ်သည့် အထူးတပ်ဖွဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနှင့် တပ်စိတ်မှူး ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံး

96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနဲ့ တပ်စိတ်မှူးတို့ဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ်အ‌ရှေ့ပိုင်းမှာ People’s Healthcare Network (Kalay) က ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေ (​ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အ‌ရှေ့ပိုင်းမှာ People's Healthcare Network (Kalay) ရဲ့ Medical Centre (6)၊ PHN (Kalay) ကို မေလ(၁)ရက်က စတင်ဖွင့်လှစ်ထားရှိကာ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အရေးပေါ်ဆေးဝါးကုသမှုတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။