ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၁ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ(၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁) လုံးနဲ့ စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဗုံး(၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပြီး PSLF/TNLA မီးသတ်ဌာနနဲ့ ပြည်သူတွေ ဝိုင်း၀န်းငြှိမ်းသတ်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာ တိုးဂိတ်အနီးကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူဆီက ဆက်ကြေးကောက်နေသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချောက်မှာ အင်အားအလုံးအရင်းနဲ့ စစ်တပ်စစ်ကြောင်းက ပြည်သူ ၂ ယောက်ကို သေနတ်နဲ့ ဦးခေါင်းတေ့ပစ်ကာ ၁ ယောက်ကို ဖမ်းခေါ်သွား

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်က အရပ်သား၂ ယောက်ကို ဦးခေါင်းတေ့ ပစ်ခတ်သတ်ဖြတ်ကာ ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်တဲ့ အကြမ်းဖက်စစ်ကော်မရှင်၏ လေယာဉ်ကို KNU တပ်ဖွဲ့က ပစ်ခတ်မှု လေယာဉ်ထိမှန်သွားဟု ဆို…

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်ရှိ သိန်းခွန်းကျေးရွာအနီးနားမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ လေယာဥ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး (၁၂၇) လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၂) လုံး ပစ်ကူတိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေရာ ဇူလိုင် ၇ ရက်နေ့၊ ၁ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

KNDF ရဲ့ အမှတ် (၄) စစ်နည်းဗျူဟာသင်တန်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အမှတ် (၄) စစ်နည်း ဗျူဟာ သင်တန်းက ရဲဘော်ရဲမေတွေရဲ့ ပုံရိပ်တွေကို KNDF တပ်ရင်းအမှတ် ၅ က ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုတလင်မှာ စစ်တပ်က ရွာတွေကို မီးဝင်ရှို့ပြီး ဓားစာခံ ဖမ်းဆီးမှုတွေ လုပ်နေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။