စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် နေ့လည်ပိုင်းက စစ်ကိုင်းတပ်မ ၃၃ ကို ပို့ဆောင်ဖို့ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ Jummer ယာဉ် ၃ စီးအပါအဝင် စစ်တပ်ယာဉ် ၁၀ စီးအနက်  ၃ စီးမြောက်ယာဉ်ကို ပြင်းအားမြင့် ၄ လုံးတွဲ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ယာဉ်ပေါ်က စစ်ကောင်စီတပ်သားတွေဟာ ကြောက်လန့်တကြားနဲ့ အနီးဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို Area71 PDF Monywa၊ Anyar Defence Force (ADF)နဲ့ Tiger Brother Peoples Defence  အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကနဲလေးစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို မေလ ၂၈ ရက် မနေ့ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ တမိုင်းတောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ရဲ့ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU - Mergui-Tavoy District က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကာကနေ အရာတော်ဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။
Read More

လွတ်လပ်ရေးနေ့မှာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ယနေ့နံနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ရာ ၁၀ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲ-ကုန်းသာ-လွိုင်ကော် လမ်းမကြီးများကို စစ်တပ် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း မိုးဗြဲ-ကုန်းသာ-လွိုင်ကော်လမ်းမကြီးတွေကို အကြမ်းဖက်စစ်ကောင်စီ တပ်တွေက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေကြောင်း Karenni Nationalities Defense Force - KNDF BO3 က ထုတ်ပြန်အသိပေးထားပါတယ်။