တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  မိမိတို့ဒေသ စွဲစိတ်ကို ဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်တွေ အသင့်ရှိရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။

ယာယီသမ္မတက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ပြောကြားလိုက်တာပါ။

“လက်ရှိအခြေအနေဟာ နဂိုရှိရင်းစွဲ အနေအထားထက် တော်လှန်ရေး ခရီးမှတ်တိုင်ပေါင်းများစွာကို ကျနော်တို့အားလုံး ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ရေးမှာ စစ်ရေးနဲ့ နိုင်ငံရေးအပြင် ဘဏ္ဍာရေးကဏ္ဍကလည်း အရေးတကြီး ပါဝင်နေပါတယ်။ စစ်အုပ်စုရဲ့ ဘဏ္ဍာရေးဒေါက်တိုင်တွေ ယိုယွင်းသည်ထက် ယိုယွင်းလာစေရေးအတွက် ကျနော်တို့ဟာ စစ်ရေးနည်းလမ်းအပါအဝင် နိုင်ငံရေးနည်းလမ်းနဲ့လည်း ကြိုးစားလုပ်ဆောင်ဖို့ လိုပါတယ်“  လို့ ယာယီသမ္မတက ပြောပါတယ်။

NUG အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ “ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ တဲ့ သဘောမျိုး မဟုတ်ဘူး” လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် မဟာမိတ်ရေးရာ နိုင်ငံရေးပဋိညာဉ်တွေကို ခိုင်ခိုင်မာမာ – ကျစ်ကျစ်လျစ်လျစ်နဲ့ တည်ဆောက်ရမှာဖြစ်ပြီး လက်ရှိ အခြေအနေဟာ မဟာမိတ်တွေရဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ ဆက်လက်ရရှိရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် အရေးကြီးသလို၊ နွေဦးတော်လှန်ရေးတစ်ခုလုံးအတွက်လည်း အင်မတန် အရေးကြီးတယ်လို့ မိန့်ခွန်းမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုကို ဖြိုချတဲ့နေရာမှာ စစ်ရေးကဏ္ဍဟာ အဓိက အရေးကြီးပြီး စစ်သားတွေ အလုံးအရင်းနဲ့ ပြည်သူ့ဘက်ကို ပါဝင်လာဖို့အတွက် ဆက်လက်ကြိုးစားနေတယ်လို့လည်း ယာယီသမ္မတက အသိပေးပြောကြားလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်ထဲ စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၁၇၀၀ နီးပါး တိမ်းရှောင်နေရ

“ရှောင်ရတာက ပြောရမယ်ဆိုရင် နိုဝင်ဘာလဝက်လောက်ကတည်းက။ ဒါပေမယ့် နယ်မြေပြန်အေးပြီ ဆိုပြီးတော့ ပြန်ဝင်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့က ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမှာ ထပ် ရှောင်ရတာပေါ့နော်။ ဒေသခံတွေကတော့ လက်ရှိ ကျောချောင်းအစပ်ရယ်၊ သစ်ပင်ခြုံနွယ် ကောင်း တဲ့နေရာတွေမှာ ဘေးကအကာမပါဘဲနဲ့ ဆောင်းရာသီမှာ ဒီလိုလေး ဖြတ်သန်းနေရတယ် ”လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန - ပေါက်မြို့ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတဲ့ မုဒုံက စစ်ကောင်စီရဲ့ အမတ – ၃၁၈ ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ-၃၁၈ ဟာ သူတို့အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် အလုံး (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။