လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူပြီး ထားဝယ်ခရိုင်တပ်ပေါင်းစု ရဲဘော်တွေကို လက်နက်ခဲယမ်း အပြည့်အစုံတပ်ဆင်ပေးနိုင်ဖို့ ဂျပန်နိုင်ငံမှာ Charity Music Concert ပွဲကျင်းပသွားမယ်လို့ သိရပါတယ်။

ဂျပန်ရောက် Dawei Youths In Japan – DYJ အဖွဲ့နဲ့ xyZ21 Bandတို့ ပူးပေါင်းပြီး  “Valentine Show For Dawei Brigade” အမည်နဲ့ Ueno Station မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

လက်မှတ်တစ်စောင်ကို ¥3500 သတ်မှတ်ထားပြီး ပွဲလာမကြည့်နိုင်သူတွေအတွက် Cupid 💘 ticket တစ်စောင်ကို ¥3000 နဲ့ ဝယ်ယူနိုင်မှာဖြစ်ကာ ရဲဘော်တွေအတွက် ပါဝင်အား ဖြည့်ပေးကြဖို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက်တွင် သေနတ်ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိကို ကျူးလွန်သူ၏ မိသားစုနှင့် မိတ်ဆွေများက သွားရောက် တောင်းပန် (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲအရာရှိကို ကျူးလွန်ခဲ့သူ မြန်မာလူငယ်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက သွားရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ကောလင်းတွင် စစ်ရှောင်များ နေထိုင်သည့် စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းရှိ နတ်အင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

CDF – Asho မှ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းများအား မေးမြန်းချက် (ရုပ်/သံ)

''သူတို့ပြောတာတော့ လစာ နှစ်သိန်းလေးထောင်ရတယ်တော့ ပြောတယ်။ ၂ လပိုင်းက သုံးသိန်း ကျော်ဖြစ်သွားတယ်လို့ သူတို့ပြောတာပဲ။ ဒါပေမယ့် တစ်ကျပ်မှတော့ မထုတ်ပေးဘူး။ အိမ်ကို လွှဲပေးမယ်တော့ ပြောတယ်။ မိဘနဲ့က အဆက်အသွယ်မရဘူး။ စစ်ကြောရေးမှာထဲက ဖုန်းတွေလည်း အကုန်သိမ်းပဲ။ ငါးသောင်းဖိုး ပစ္စည်းမှာရင် တစ်သိန်းလောက်ဖြတ်တယ်။ အဓိကက တပ်ရင်းမှူးရယ်၊ တပ်ရင်းဗိုလ်ကြီးရယ် သူတို့ပဲ ချုပ်ကိုင်ထားတာ''
Read More

မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်ကပ်ထားသည့် မဲစာရင်းများကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။
Read More

Yawland Operation အဖြစ် ၉ ရက်ကြာ စစ်ကော်မရှင်တပ်ကို တိုက်ခိုက် ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်ထဲက  အကြမ်းဖက်စစ်တပ်စခန်း၊ ပျူစခန်းနဲ့ စစ်ကြောင်း တွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။