မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရပြီး နေအိမ်နဲ့ ကုန်စုံဆိုင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အမတ ၃၁၀ တပ်က ဇန်နဝါရီလ (၁၉) ရက် နေ့လည်ပိုင်းမှာ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ခရွဲကျေးနယ်ထဲက ဓာတ်တိုင်အနီး လက်နက်ကြီး ၈၁ မမ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် လမ်းမီးတိုင် ဓာတ်ကြိုးထိခိုက်ပျက်စီးခဲ့ပြီး ဘေးနားက ခြုံတွေနဲ့ အပင်တွေ မီးပွားကူးကာ တောမီးတောက်လောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ကြဲချရာ အောင်နဝင်းကုန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကွင်းရွာကိုလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချရာ ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဇန်နဝါရီလ (၁၈) ရက် နေ့လည်ပိုင်းမှာလည်း ငှက်ပျောတောနဲ့ တဂေးချောင်းဖျားကြား၊ အာရှလမ်းပေါ်ရှိ မောင်တုကုန်းက အင်အား သုံးဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့ရာ ကရဝေးဆိပ်ကျေးရွာ အဝင်လမ်းနဲ့ အာရှလမ်းထောင့်က လူနေအိမ်ရှေ့ ကျရောက်ပေါက်ကွဲပြီး အိမ်နဲ့ ဈေးဆိုင်ထိခိုက်ပျက်စီးခဲ့ကာ နေအိမ်ပိုင်ရှင်အမျိုးသားရဲ့ နဖူးနဲ့ နားရွက်နောက်မှာ ကျောက်ခဲအစစင်ပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၇)ရက် ညပိုင်းမှာတော့ ဘီးလင်းမြို့နယ်၊ မဲပလီအုပ်စု၊ ကစယ်ဖိုးကျေးရွာထဲကို အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးသီး (၂) လုံး လာရောက်ကြဲချမှုကြောင့် မဲပလီအုပ်စု ကစယ်ဖိုးကျေးရွာက နေအိမ် ၁ လုံး ဗုံးသီး ကျည်စထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

 

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်မှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် ဝင်ပြိုင်သူများကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ဆို 

ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်သွားမယ်လို့ ကရင်နီပြည်လူငယ်ထုတွေက ဆိုလာပါတယ်။ 
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။