ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြည်မဒေသတွေဖြစ်တဲ့ မကွေး၊ ပဲခူးနှင့် ဧရာဝတီနယ်စပ်များရှိ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်နေပြီဟု AA က ထုတ်ပြန်လိုက်တာပါ။

ရခိုင်ကမြို့သိမ်းတိုက်ပွဲတွေအပြီး  ဧရာ၀တီတိုင်း၊ ပဲခူးနဲ့ မကွေးနယ်စပ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရဲ့အခြေအနေနဲ့ပတ်သက်ပြီး AA က ပထမဆုံး ထုတ်ပြန်လာခြင်းလည်း ဖြစ်ပါတယ်။ 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နှင့် ချောင်းတစ်ခုသာ ခြားသည့် ဘောမိရွာနှင့် ကမ်းခြေကို ဇန်နဝါရီ ၁၈ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်သလို ရေကြည်မြို့၊ ချင်းစုကျေးရွာ အနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ AA က ဖော်ပြထားပါတယ်။

AA ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ဘောမိကျေးရွာဟာ ရွှေသောင်ယံကမ်းခြေနှင့် ၁၆ မိုင်ကျော်ခန့်အကွာတွင်ရှိပြီး  ချောင်းသာကမ်းခြေနှင့် ၂၇ မိုင်ကျော်၊ ငွေဆောင်နှင့် ၃၈ မိုင်ကျော်သာဝေးပြီး ပုသိမ်မြို့နှင့်လဲ မိုင်အားဖြင့် ၅၀ ကျော်လောက်သာ ကွာဝေးပါတော့တယ်။

ရခိုင်နဲ့ ဧရာဝတီတိုင်း အစပ်၊ ရခိုင်ရိုးမ-ဧရာဝတီတိုင်းထိစပ်သည့် နေရာတချို့၊ ပွိင့် (၃၆၉) ကုန်း၊ ရိုးမ တောင်တန်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့လည်း AA က အသိပေးပါတယ်။

တစ်ဆက်တည်းမှာပဲ  အမ်းမြို့နယ်၊ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်း အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီလို့ AA ကဆိုပါတယ်။

အထူးသဖြင့်  တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ဖြစ်ပွား လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

တစ်ပတ်ကျော်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီရုပ်အလောင်း အမြောက်အမြားရှိခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့် သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာတော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့ ၃မြို့သာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ဖို့ ကျန်ရှိတော့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီ့မြို့တွေထဲက စစ်တွေမြို့အနီးနား ဝန်းကျင်နေရာတွေကို  ရက္ခိုင့်တပ်တော် (AA) ပိတ်ဆို့ထားပြီး၊  စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအထိ အာရက္ခတပ်တော် AA ကရခိုင်ပြည်နယ်အတွင်းက  ၁၇ မြို့နယ်အနက် ၁၄ မြို့ကို သိမ်း ပိုက်ထားပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်နဲ့ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

မြိုင်တွင် ဘုန်းကြီးကျောင်းနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းအဆက်မပြတ်သုံးခဲ့သည့် စစ်ကောင်စီတပ်များ ပခုက္ကူသို့ ပြန်ဆုတ်ခွာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ခိုင်မာဖို့ လိုအပ်ကြောင်း ချင်းညီနောင် တစ်နှစ်ပြည့်အခမ်းအနားမှာ NUG ယာယီသမ္မတ ပြောကြား

စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ခိုင်မာ အားကောင်းနေဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ခရီးသွားပြည်သူများကို ရိုက်နှက်ပစ္စည်းလုယက်နေသည့် အဖွဲ့ကို တောင်သာ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းမှာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုယက်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို PIO/PIA ဖမ်းဆီးရမိ

မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။