တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နဲ့ ရေးဖြူမြို့နယ်အကြား ရေပုံးရွာထိပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေးခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက် မနက်ပိုင်းက ရေပုံးရွာထိပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိမ်စီးကားနဲ့ သွားလာနေတာကို သတင်းရှိတာကြောင့် ခရီးသွားယာဥ်တွေအနေနဲ့ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ ယာဥ်တန်းတွေကနေ အနည်းဆုံး ပေ ၁၅၀ ကနေ ပေ ၃၀၀ အကြား ခွာပြီး သွားလာကြဖို့ PDF တွေက အသိပညာပေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

TPDF ၏ သတင်းထုတ်ပြန်ချက်

အခုလို PDF တွေ လမ်းပိုင်းအသိပညာပေးတာ ပြုလုပ်နေချိန် စစ်ကောင်စီရဲ့ ခလရ ၂၈၂ က ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပေ ၂၀ အတွင်း ၁ လုံး၊ ပေ ၅၀ အတွင်း ၂ လုံး ကျရောက်ပေါက်ကွဲပေမယ့် အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ T.PDF က ဆိုပါတယ်။

အဲ့ဒီလမ်းပိုင်းစစ်ဆေးမှုတွေကို ကလိန်အောင် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ AZero ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဖြူ ပကဖ ဇင်ယော် တပ်စု ၁ ၊ နဂါးနီပြောက်ကြားတပ်ဖွဲ့နဲ့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး  အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ ရုပ်အလောင်းအား ယနေ့မနက် သင်္ဂြိုဟ်မည်

အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်ရဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ခံစားရင်း ကွယ်လွန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ဒီနေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။