စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၅ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ စတင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၉ ရက်မှာ မိုင်းဆွဲတိုက်ခိုက်တာ၊ ဇန်နဝါရီ ၁၁ ရက်မှာ ကြားဖြတ်တိုက်ခိုက်တာတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ မုံရွာခရိုင်အမှတ်(၁)တပ်ရင်းနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး  အကြမ်းဖက်စစ်သားတွေ သေဆုံးဒဏ်ရာရရှိမှု များပြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း မောင်လှကြိုင်ဦးဆောင်တဲ့ BGF အဖွဲ့၊ စစ်ကော်မရှင် ပူးပေါင်းအင်အား ၃၀၀ ခန့်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Black Dragon Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်‌ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ် စစ်ရေးပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့၊ စစ်အုပ်စု ၅၀ ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်တပ်အရာရှိအပါ ၁၀ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ထံက သိရပါတယ်။
Read More

ရွာမီးရှို့မယ့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၊ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွါသွား (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွှင်းဘိုရွာကို မီးရှို့ဖို့ ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၄ ရက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ ဒီဇင်ဘာ ၂၉ ရက်က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။